Connect with us

Politics, Law & Military

ဂျပန် အစိုးရ အရာရှိများမှ ဒုတိယ ကမ္ဘာစစ် အတွင်းမှ စစ်ရာဇဝတ်သား များကို သွားရောက် ဂါရဝ ပြုခြင်း အား တရုတ် နိုင်ငံတော်မှ ပြင်းထန်စွာ ကန့်ကွက်

ဂျပန် အစိုးရ အရာရှိ များမှ သွားရောက် ဂါရဝ ပြုခဲ့သည့် Yasukuni နတ်ဘုရားကျောင်း အား သြဂုတ်လ ၁၅ ရက်နေ့တွင် မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဟွာချွမ်းရင်မှ သြဂုတ်လ ၁၅ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဂျပန် အစိုးရ အရာရှိများမှ ဒုတိယ ကမ္ဘာစစ်အတွင်း စစ်ရာဇဝတ်သားများ ထားရှိသည့် Yasukuni နတ်ဘုရားကျောင်းကို သွားရောက် ဂါရဝ ပြုခြင်းအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

ဟွာချွမ်းရင်မှ Yasukuni နတ်ဘုရားကျောင်းသည် ဂျပန် နိုင်ငံ၏ ရှေးယခင် အချိန်က ဖက်ဆစ် မူဝါဒ ကိုင်ဆွဲသူများ အခြား နိုင်ငံများအား ကျူးကျော် တိုက်ခိုက်သည့် အမှတ်အသား တစ်ခု ဖြစ်ကြောင်း ၊ သြဂုတ်လ ၁၅ ရက်နေ့သည် ဂျပန် ဖက်ဆစ်သမားသို့ အခြားနိုင်ငံတို့ ကျူးကျော် တိုက်ခိုက်ခြင်းမှ ခြွင်းချက်မရှိ လက်နက်ချ ခဲ့သည့် နေ့ ဖြစ်ကြောင်း ၊ ဂျပန် နိုင်ငံ၏ အစိုးရ အရာရှိ အချို့မှ ဤနေ့ကို ရွေးချယ်၍ ဒုတိယ ကမ္ဘာစစ် အတွင်း ပထမတန်း စစ်ရာဇဝတ်သားများကို ထားရှိသည့် Yasukuni နတ်ဘုရားကျောင်းကို သွားရောက် ဂါရဝ ပြုခြင်းသည် ဂျပန်နိုင်ငံမှ သမိုင်းတွင် ခဲ့သည့် ကြီးမားသော ပြစ်မှု ဆောင်ရွက်ခဲ့မှု အပေါ် ထားရှိသည့် စိတ်နေ သဘောထားကို သိရှိစေရကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ယခုနှစ်သည် တရုတ် နိုင်ငံတော်မှ ဂျပန် တော်လှန်ရေးနှင့် ကမ္ဘာ့ ဖက်ဆစ် တော်လှန်ရေး အောင်မြင်ခဲ့သည့် နှစ် (၇၀) ပြည့်နှစ် ဖြစ်ကြောင်း ၊ အပြည်ပြည် ဆိုင်ရာ အသိုင်းအဝိုင်းမှ အတူတကွ သမိုင်း ရလဒ်ကို ပြန်လည် သုံးသပ်ပြီး အနာဂတ် အတွက် အစီအစဉ်များ ရေးဆွဲရမည့် အရေးပါသော နှစ်ဖြစ်ကြောင်း ၊ ဂျပန် နိုင်ငံမှ မှန်ကန်သော အမြင်ဖြင့် ယခင်ဆောင်ရွက်ခဲ့သည့် ကျူးကျော် တိုက်ခိုက်မှုကို လေးနက်စွာ ပြန်လည် သုံးသပ်ပြီး အခြားနိုင်ငံသို့ ကျူးကျော်တိုက်ခိုက်သည့် ဖက်ဆစ်မူဝါဒနှင့် ကင်းကွာနိုင်မှ သာလျှင် သမိုင်းတွင်ခဲ့သည့် ပြစ်မှုကြီးမှ ကင်းကွာနိုင်ပြီး အနာဂက်ကို လျှောက်လှမ်း နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ အနေဖြင့် ထပ်မံ၍ လေးနက်စွာ သတိပေး ပြောကြားလိုသည်မှာ ဂျပန် နိုင်ငံ အနေဖြင့် ဂျပန်နိုင်ငံ ၏ သမိုင်းတွင်စေသည့် တရုတ် ပြည်သူများနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးအား ကျူးလွန်ခဲ့သည့် ပြစ်မှုများ အပေါ် ထားရှိသည့် သဘောထားနှင့် ကတိ ထားရှိမှုကို လက်တွေ့ အပြုအမူများမှ ဖော်ပြသွားရန် လိုကြောင်း ၊ သက်ဆိုင်ရာ ကိစ္စရပ်များအား သင့်လျှော်သော ဆောင်ရွက်မှု များပြုလုပ်ပြီး အာရှ ဒေသ အိမ်နီးချင်း နိုင်ငံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ယုံကြည်မှုကို ရယူနိုင်ရန် အထူး ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.