Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နှင့် အမေရိကန် နိုင်ငံ တို့ မှ ၁၉ ကြိမ်မြောက် လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေး ပွဲ ကျင်းပ

တရုတ် နိုင်ငံ ခြားရေး ဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ဌာနခွဲ ဌာနမှူး လီကျွင်းဟွာ(လယ်) မှ ၁၉ ကြိမ်မြောက် တရုတ်-အမေရိကန် လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေး ပွဲ နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ)

၁၉ ကြိမ်မြောက် လူ့အခွင့်အရေး ဆိုင်ရာ တရုတ် နိုင်ငံ နှင့် အမေရိကန် နိုင်ငံ ဆွေးနွေး ပွဲ ကို သြဂုတ် လ ၁၃ ရက်နေ့ က အမေရိကန် နိုင်ငံ ဝါရှင်တန် မြို့တွင် ကျင်းပ ခဲ့ပြီး အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ နှင့် အမေရိကန် နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချွေထန်းခိုင် တို့ မှ ဖွင့်ပွဲ အခမ်းအနား ကို တက်ရောက် ခဲ့ကြသည်။

ဆွေးနွေးပွဲ ကို တရုတ် နိုင်ငံ ခြားရေး ဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ဌာနခွဲ ဌာနမှူး လီကျွင်းဟွာ နှင့် အမေရိကန် နိုင်ငံ ဒီမိုကရေစီ ၊ လူ့အခွင့်အရေး နှင့် အလုပ်သမား ရေးရာ ကိစ္စ ရပ် များကို တာဝန်ယူ ထားသည့် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Malinowski တို့မှ သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ပြီး တရုတ် နိုင်ငံ ဌာန အသီးသီး မှ အရာရှိ များ သည် ဆွေးနွေး ပွဲကို တက်ရောက် ခဲ့ကြသည်။

ဆွေးနွေးပွဲ အတွင်း နှစ်နိုင်ငံ မှ လူအခွင့်အရေး ဆိုင်ရာ တိုးတက်မှု ၊ တရားဥပဒေ ကိစ္စရပ် နှင့် လူ့အခွင့်အရေးအမြင် ၊ ဘက်စုံ လူ့အခွင့်အရေး ဆိုင်ရာ ပူးပေါင်းမှု ၊ လွတ်လပ်စွာ ပြောဆိုခွင့် ဆိုင်ရာ အခွင့်အရေး နှင့် တာဝန် များ ၊ ဘာသာရေး လွတ်လပ်ခွင့် ၊ လူမျိုးရေး ခွဲခြားဆက်ဆံမှု ကန့်ကွက်ခြင်း ၊ အကြမ်းဖက်မှု ဆန့်ကျင်ရေး နှင့် တိုက်ခိုက်ရေး စသည့် ကိစ္စ ရပ်များ တွင် သဘောထား အမြင်များ ဆွေးနွေးခဲ့ကြသည်။

တရုတ် နိုင်ငံ မှ ဆွေးနွေးပွဲတွင် လူ့အခွင့်အရေး ဆိုင်ရာ တိုးတက်ရေး လမ်းစဉ် သည် ကမ္ဘာ့ နိုင်ငံ အသီးသီး တိုင်းအတွက် တူညီသည့် တိုးတက်ရေး လမ်းစဉ် မရှိနိုင်ကြောင်း ၊ နိုင်ငံ တစ်နိုင်ငံ အနေဖြင့် မိမိ နိုင်ငံ ၏ အခြေအနေ နှင့် ပြည်သူ့ လို့အပ်ချက် အတိုင်း တိုးတက်ရေး လမ်းစဉ် ကို လျှောက်လှမ်းရမည် ဖြစ်ပြီး အခြား နိုင်ငံ မှ ဖိအားပေး ဆောင်ရွက် စေခိုင်းမှု များ မရှိသင့် ကြောင်း ၊ တရုတ် နိုင်ငံ နှင့် အမေရိကန် နိုင်ငံ အနေဖြင့် အပြန်အလှန် လေးစားမှု ထားရှိပြီး တန်းတူညီမျှ မှု ကိုအခြေခံ၍ နှစ်နိုင်ငံ ၏ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ် များကို ရှုမြင်သွားရန် လိုအပ်ကြောင်း ၊ လူ့အခွင့်အရေး ဆိုင်ရာ သဘောထား ကွဲလွဲမှု များကို ဆွေးနွေးမှု များ နှင့် ပူးပေါင်းဆောင်ရွက်မှု စသည့် အပြုသဘောဆောင်သည့် ပုံစံ များဖြင့် ဖြေရှင်းသွားပြီး နိုင်ငံ ကြီး နှစ်နိုင်ငံ ဆက်ဆံရေး ပုံစံ အသစ် တစ်ရပ် ဖြစ်ပေါ် လာရန် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံ မှ အမေရိကန် ပြည်တွင်း လူမျိုးရေး ခွဲခြားဆက်ဆံမှု များ ၊ ရဲဝန်ထမ်းများ အင်းအား အလွန်အကျွံ အသုံးပြုမှု များ နှင့် ပြည်ပ နိုင်ငံ များအပေါ် အကြီးစား စောင့်ကြည့်နားထောင်မှု ဆောင်ရွက်ခြင်း စသည့် လူအခွင့်အရေးဆိုင်ရာ ကိစ္စ များကိုလည်း အမေရိကန် ဘက်သို့ ပြောကြားခဲ့သည်။(Xinhua)