Connect with us

Politics, Law & Military

တောင်တရုတ် ပင်လယ် DOC ဆောင်ရွက်မှု နှင့် COC ညှိနှိုင်း ဆွေးနွေးမှုများ အရေးပါသည့် တိုးတက်မှု များရရှိ

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ အား သြဂုတ်လ ၃ ရက်နေ့က စင်ကာပူနိုင်ငံ တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မြင်တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိမှ သြဂုတ်လ ၃ ရက်နေ့က စင်ကာပူတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် “တောင်တရုတ် ပင်လယ် နိုင်ငံများ အပြုအမူ ဆိုင်ရာ ကြေငြာစာတမ်း” (DOC) နှင့် “တောင်တရုတ် ပင်လယ် အပြုအမူ ဆိုင်ရာ သတ်မှတ်ချက်” (COC) လုပ်ငန်း နှစ်ရပ်လုံးမှာ အဆင်ပြေစွာ ဆောင်ရွက်ချက်များ တိုးတက်မှု ရှိနေကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိ မှ DOC အား ကောင်မွန်စွာ အကောင်အထည် ဖော်ခြင်းသည် တရုတ် နိုင်ငံနှင့် အာဆီယံ ၁၀ နိုင်ငံ တို့အကြား သဘောတူညီမှု ထားရှိခဲ့သည့် ဆုံးဖြတ်ချက် တစ်ခု ဖြစ်ပြီး COC ညှိနှိုင်း ဆွေးနွေးမှုသည် DOC အား အကောင်အထည် ဖေါ်ရန် ပါဝင်သည့် အပိုင်းတစ်ခု ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ ထန်းကျင်း မြို့တွင် ပြုလုပ်ခဲ့သည့် ၉ ကြိမ်မြောက် COC ညှိနှိုင်းမှု ထိပ်တန်း အရာရှိ ဆွေးနွေးပွဲတွင်လည်း သိသာ ထင်ရှားသည့် တိုးတက်မှုများ ရရှိခဲ့ကြောင်း ၊ DOC အကောင်အထည် ဖော်ရာတွင် သက်ဆိုင်ရာ နိုင်ငံ များမှ “ရေကြောင်း လုံခြုံရေးနှင့် ရှာဖွေ ကယ်ဆယ်ရေး” ၊ “ရေကြောင်း သုတေသန နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး” ၊ “နိုင်ငံဖြတ်ကျော် ရေကြောင်း ဒုစရိုက်မှု နိမ်နင်းရေး” စသည့် နည်းပညာ ပညာရှင် ကော်မတီ ၃ ခု ကို အမြန် ဖွဲ့စည်းရန် သဘောတူ ခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

COC တွင်လည်း တိုးတက်မှု အချက် ၅ ချက် ရရှိခဲ့ကြောင်း ၊ ၎င်းတို့မှာ (၁) COC ညှိနှိုင်းမှု အား “အရေးကြီး ကိစ္စ နှင့် ရှုပ်ထွေးသည့် ကိစ္စ” ဆွေးနွေးသည့် အဆင့်ကို ရောက်ရှိနေပြီး ဖြစ်ကြောင်း ၊ (၂) COC သတ်မှတ်မှု ဆိုင်ရာ ဒုတိယ မြောက် သဘောတူညီမှု စာတမ်း ရရှိခဲ့ပြီး ဖြစ်ကြောင်း ၊ (၃) ပညာရှင် အဖွဲ့များ ဖွဲ့စည်း၍ COC ဆွေးနွေးမှု အတွက် သတင်း အချက်အလက်များ အထောက်အကူ ပြုနိုင်ရန် သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်ကြောင်း ၊ (၄) တရုတ်-အာဆီယံ ရေကြောင်း ကယ်ဆယ်ရေး ကွန်ရက်နှင့် တရုတ်-အာဆီယံ အရေးပေါ် အခြေအနေ နိုင်ငံခြား ဝန်ကြီးများ ကွန်ရက်အား အမြန် တည်ဆောက်ရန် သဘောတူညီမှု ရရှိခဲ့ပြီး ဤ အချက်သည် တောင် တရုတ်ပင်လယ် တည်ငြိမ်မှု ထိန်းသိမ်းရန် ထိရောက်သည့် အချက်တစ်ချက် ဖြစ်ကြောင်း ၊ (၅) တရုတ်နိုင်ငံမှ အဆိုပြုသည့် COC သဘောတူညီမှု မရရှိခင် ရေကြောင်း အန္တရာယ် ထိန်းသိမ်း ကာကွယ်ရေး ဆိုင်ရာ သတ်မှတ်ချက်အား ညှိနှိုင်း တိုင်ပင် ဆောင်ရွက်ရန် အခြေခံ အားဖြင့် သက်ဆိုင်ရာ နိုင်ငံ များမှ အထက်ဖော်ပြပါ အချက် ၅ ချက်တွင် သဘောတူညီမှုများ ရရှိခဲ့ပြီး ဖြစ်ကြောင်း ဝမ်ရိ မှ ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိမှ DOC ဆွေးနွေးမှု များတွင် အချိန် ၁၀ နှစ် ကြာကုန်ဆုံး ခဲ့ရကြောင်း ၊ COC ဆွေးနွေးမှုတွင် အချိန် ၂ နှစ် သာရှိသေးသော်လည်း ထင်ရှားသည့် တိုးတက်မှု များစွာကို ရရှိခဲ့ကြောင်း ၊ ဤသည်မှာ တရုတ် နိုင်ငံနှင့် အာဆီယံ ၁၀ နိုင်ငံ တို့မှ အတူတကွ ကြိုးပမ်းမှု မှ ရရှိခဲ့သည့် ရလာဒ် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ၏ COC ဆွေးနွေးမှု အပေါ်ထားရှိသည့် အလေးထားမှု ကိုလည်း ပေါ်လွင်စေကြောင်း ၊ ကျွန်တော်တို့ အနေဖြင့် နိုင်ငံတကာ မှ COC ဆွေးနွေးမှု အပေါ် ထောက်ခံမှု အား ကြိုဆိုပြီး COC ဆွေးနွေးမှုနှင့် ပတ်သက်ပြီး ဝေဖန် ပြောဆိုမှု များကို မကြိုဆိုကြောင်း ပြောကြား ခဲ့သည်။ (Xinhua)