Politics, Law & Military
တရုတ်နိုင်ငံက ပို၍ ပွင့်လင်းစွာ ကမ္ဘာကြီးနှင့် ဆက်သွယ်သွားမည်ဟု သမ္မတ ရှီကျင့်ဖိန် ပြောကြား

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ကမ္ဘာကြီးနှင့် တံခါးပိတ် ဆက်ဆံသွားမည် မဟုတ်ဘဲ ပို၍သာ ပွင့်ပွင့်လင်းလင်း လုပ်ဆောင်သွားမည်ဟု သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ပေကျင်းမြို့လယ်ရှိ ပြည်သူ့ခန်းမကြီးတွင် ကျင်းပသော တရုတ် ကွန်မြူနစ်ပါတီ (CPC) ၏ ၁၉ ကြိမ်မြောက် အမျိုးသား ညီလာခံသို့ တင်သွင်းသော လုပ်ငန်းအစီရင်ခံစာ၌ ရှီက အထက်ပါအတိုင်း မှတ်ချက်ပြု ခဲ့ခြင်း ဖြစ်သည်။
“တစ်ဦးတည်း သီးခြားရပ်တည်ခဲ့တွေကို နောက်မှာထားခဲ့ပြီး ပွင့်လင်းမှုကို ဆောင်ကျဉ်းလာခဲ့ပါပြီ” ဟု ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua)