Connect with us

Politics, Law & Military

တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့ ပူးတွဲရေကြောင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

တရုတ်နိုင်ငံ၏ ဖရီးဂိတ်စစ်သင်္ဘောတစ်စင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် ပါကစ္စတန်တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ၌ ပူးတွဲရေကြောင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဖြစ်ကြောင်း တရုတ် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံစစ်တပ်များအကြား နှစ်ပတ်လည် ဖလှယ်ရေးအစီအစဉ်အရ ပြုလုပ်ရန်လျာထားခြင်း ဖြစ်ကြောင်း တရုတ် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ren Guoqiang က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုအတွက် ဖျက်သင်္ဘောများ၊ ဖရီးဂိတ်စစ်သင်္ဘောများ၊ ထောက်ပံ့ရေးသင်္ဘောများနှင့် ရေငုပ်သင်္ဘောကယ်ဆယ်ရေးရေယာဉ်များ ပို့လွှတ်မည်ဖြစ်ကြောင်း Ren က ဆိုသည်။

“ဒီလိုပူးတွဲလေ့ကျင့်မှုက နှစ်နိုင်ငံ စစ်တပ်အကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး၊ တရုတ်-ပါကစ္စတန် ဘက်စုံဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ခိုင်မာရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေး၊ မျှဝေမှုရှိသောအနာဂတ်နှင့်အတူ ပင်လယ်ရေကြောင်းအသိုက်အဝန်း တည်ဆောက်မှု မြှင့်တင်ရေးတို့၌ အထောက်အကူဖြစ်စေပါမယ်” ဟု Ren က ပြောခဲ့သည်။

Ren ၏ ပြောကြားချက်အရ စစ်ရေးလေ့ကျင့်မှုသည် မည်သည့် ဒေသတွင်းအခြေအနေများနှင့် ဆက်စပ်ခြင်းမရှိသလို မည်သည့် တတိယအဖွဲ့အစည်းကိုလည်း ပစ်မှတ်ထားခြင်းမရှိကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.