Connect with us

Politics, Law & Military

တရုတ် နိုင်ငံက ဟောင်ကောင်သို့ အမေရိကန် စစ်သင်္ဘောများ နှင့် လေယာဉ်များ လာရောက် လည်ပတ်ခြင်းအား ဆိုင်းငံ့

ဟောင်ကောင်၌ ဆန္ဒပြသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ အစိုးရက ဟောင်ကောင်သို့ အမေရိကန် စစ်သင်္ဘောများ နှင့် လေယာဉ်များ လာရောက် လည်ပတ်ရန် လျှောက်ထားမှုများ အပေါ် သုံးသပ်ခြင်းအား ဒီဇင်ဘာ ၂ ရက်မှ စတင်၍ ဆိုင်းငံ့ထားရန် ဆုံးဖြတ်လိုက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဟွာချွန်းရင်က ပြောကြားခဲ့သည်။

ထို့အတူ တရုတ် နိုင်ငံက အမေရိကန်၏ အစိုးရ မဟုတ်သော အဖွဲ့အစည်း(NGOs) တစ်ချို့ကိုလည်း ဟောင်ကောင်၌ ဆူပူနှောက်ယှက်မှုများတွင် ၎င်းတို့၏ ပါဝင်မှုများ အတွက် ပိတ်ဆို့မှုများ ပြုသွားမည် ဖြစ်ကြောင်း ဟွာချွန်းရင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

အဆိုပါ NGOs များတွင် National Endowment for Democracy ၊ National Democratic Institute for International Affairs ၊ International Republican Institute ၊ Human Rights Watch နှင့် Freedom House တို့ ပါဝင်ကြောင်း သိရသည်။

အချက်အလက်များ နှင့် သက်သေ အထောက်အထားများ အရ အဆိုပါ NGOs များမှာ ဟောင်ကောင်ရှိ တရုတ် ဆန့်ကျင်ရေး အဓိကရုဏ်းများအား နည်းမျိုးစုံဖြင့် ပံ့ပိုးခဲ့ကြောင်း ၊ ၎င်းတို့၏ အစွန်းရောက် အကြမ်းဖက် ပြစ်မှုဆိုင်ရာ အပြုအမှုများနှင့် ဟောင်ကောင် လွတ်လပ်ရေး အတွက် ခွဲထွက်ရေး လှုံ့ဆော်မှုများကို ကူညီခဲ့ကြောင်း ဟွာချွန်းရင်က ပြောကြားခဲ့ကာ ယင်းအဖွဲ့အစည်းများမှာ ဟောင်ကောင် ဒေသ၏ မတည်မငြိမ် အခြေအနေများ အတွက် အဓိက တာဝန်များ ပါဝင် ဆောင်ရွက်ပြီး အရေးယူသင့်ကြောင်း ၊ ယင်းတို့ ကျူးလွန်မှုများ အတွက် ပြန်လည် ပေးဆပ်ရမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဟွာချွန်းရင်က အမေရိကန် နိုင်ငံမှာ နိုင်ငံတကာ ဉပဒေ နှင့် နိုင်ငံတကာ ဆက်ဆံရေးကို စိုးမိုးအုပ်ချုပ်သော အခြေခံ စံနှုန်းများကို အမှန်တကယ် ချိုးဖောက်ခဲ့ကြောင်း ၊ ၂၀၁၉ ခုနှစ် ဟောင်ကောင် လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ အက်ဉပဒေတွင် တရုတ် နိုင်ငံက အခိုင်အမာ ကန့်ကွက် နေသော်လည်း ဉပဒေကို လက်မှတ် ရေးထိုးခြင်းဖြင့် တရုတ် နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ကြောင်း ပြောကြားခဲ့သည်။

တရုတ် နိုင်ငံက အမေရိကန် နိုင်ငံကို ယင်းအမှားအား အမှန် ပြင်ရန် ၊ ဟောင်ကောင် အရေးတွင် ဝင်ရောက် စွက်ဖက်ခြင်း သို့မဟုတ် တရုတ် နိုင်ငံ၏ အခြား ပြည်တွင်းရေးကို မည်သည့် စကားလုံး နှင့် လုပ်ရပ် နှင့်မဆို ဝင်ရောက် စွက်ဖက်ခြင်းအား ရပ်တန့်ရန် တိုက်တွန်းကြောင်း ဟွာချွန်းရင်က ပြောကြားခဲ့သည်။

တရုတ် နိုင်ငံသည် ဟောင်ကောင်၏ တည်ငြိမ်မှုနှင့် ကြွယ်ဝမှုကို ကာကွယ်ရန် နှင့် နိုင်ငံ၏ အချုပ်အခြာ အာဏာ ၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်မှု  အကျိုးစီးပွားများကို ကာကွယ်ရန် အခြေအနေ ဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ နောက်ထပ် လိုအပ်သည့် အရေးယူမှုများ ပြုလုပ်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117