Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတ သည် မာလီနိုင်ငံ၊ နိုင်ဂျီးရီးယားနိုင်ငံ နှင့် တောင်ဆူဒန်နိုင်ငံမှ သမ္မတများနှင့်တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်(ယာ)နှင့် မာလီနိုင်ငံ သမ္မတ Ibrahim Boubacar Keita (ဝဲ) တို့အား ပေကျင်းမြို့ ရှိ ပြည်သူ့ခန်းမကြီးတွင် သြဂုတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၁၈ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဆိုင်ရာ ပေကျင်းထိပ်သီးအစည်းအဝေးပွဲ မတိုင်မီ မာလီနိုင်ငံ သမ္မတ Ibrahim Boubacar Keita၊ နိုင်ဂျီးရီးယားနိုင်ငံ သမ္မတ Mahamadou Issoufou၊ တောင်ဆူဒန်နိုင်ငံ သမ္မတ Salva Kiir တို့ နှင့် သြဂုတ် ၃၁ ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှီက အာဖရိကနိုင်ငံများသည် တရုတ်နိုင်ငံ၏ မိတ်ဆွေကောင်းများဖြစ်ပြီး အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုတို့ရှိကြကာ မိမိတို့နိုင်ငံများအကြား ဘုံဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေနေကြကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ရှီက နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကကျသော နယ်ပယ်ကဏ္ဍများတွင် အာဖရိကနိုင်ငံများ နှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် နိုင်ဂျီးရီးယားနိုင်ငံ သမ္မတ Mahamadou Issoufou (ဝဲ) တို့အား ပေကျင်းမြို့ ရှိ ပြည်သူ့ခန်းမကြီးတွင် သြဂုတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် တောင်ဆူဒန်နိုင်ငံ သမ္မတ Salva Kiir (ဝဲ) တို့အား ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီးတွင် သြဂုတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၎င်းက တရုတ်နိုင်ငံသည် အာဖရိကနိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ စည်းလုံးမှု နှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို အမြဲတမ်း အပြည့်အဝထောက်ခံသွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေး နှင့် ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း အခိုင်အမာထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံပွဲများအပြီး နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များအား တရုတ်နိုင်ငံ သမ္မတ နှင့် အာဖရိကနိုင်ငံများမှ သမ္မတတို့၏ ရှေ့မှောက်လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.