Connect with us

Politics, Law & Military

တရုတ်-မော်လ်ဒိုက် ချစ်ကြည်ရေးတံတား ဖွင့်လှစ်


မေးလ်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

မော်လ်ဒိုက်နိုင်ငံရှိ ပင်လယ်ဖြတ်ကာတည်ဆောက်ထားသော တရုတ်-မော်လ်ဒိုက် ချစ်ကြည်ရေးတံတားအား ယာဉ်သွားလာရန်အတွက် သြဂုတ်လ ၃၀ ရက် ညနေပိုင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ချစ်ကြည်ရေးတံတားဖွင့်ပွဲသို့ မော်လ်ဒိုက်နိုင်ငံ သမ္မတ Abdulla Yameen နှင့် တရုတ်နိုင်ငံ အစိုးရ၏ ကိုယ်စားလှယ်၊ တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ Wang Xiaotao တို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ တံတားသည် မော်လ်ဒိုက်နိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကာလရှည်ဆက်ဆံရေးများ အကောင်အထည်ဖော်ဆောင်မှုတစ်ခု ဖြစ်ကြောင်း မော်လ်ဒိုက်နိုင်ငံ သမ္မတ Yameen က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အစိုးရအနေဖြင့် မော်လ်ဒိုက်နိုင်ငံအတွက် မိတ်ဖက်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ ယင်း တံတားသည် စစ်မှန်သော မိတ်ဖက်ဆက်ဆံရေးမှတစ်ဆင့် မဖြစ်နိုင်သည့်အရာမရှိကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်။

တရုတ်-မော်လ်ဒိုက် ချစ်ကြည်ရေးတံတားအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်-မော်လ်ဒိုက် ချစ်ကြည်ရေးတံတားအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်-မော်လ်ဒိုက် ချစ်ကြည်ရေးတံတားအား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် မော်လ်ဒိုက်နိုင်ငံတို့သည် စစ်မှန်သော မိတ်ဆွေများဖြစ်ကြောင်း၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ သာတူညီမျှ ဆက်ဆံကြောင်းနှင့် အပြန်အလှန် အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်မှု ရှိကြောင်း Wang က ပြောခဲ့သည်။

တရုတ်-မော်လ်ဒိုက် ချစ်ကြည်ရေးတံတားအား ၃၃ လကြာ တည်ဆောက်ခဲ့ရကြောင်း၊ ယင်း စီမံကိန်းသည် အရေးပါသော နည်းပညာဆိုင်ရာ ထိုးဖောက်မှုများအနက် တစ်ခုဖြစ်ကြောင်း တံတားစီမံကိန်းမှ အင်ဂျင်နီယာချုပ် Cheng Duoyun က ဆင်ဟွာသို့ ပြောခဲ့သည်။

မော်လ်ဒိုက်နိုင်ငံ မြို့တော် မေးလ်နှင့် အနီးဝန်းကျင်ရှိ မော်လ်ဒိုက်နိုင်ငံ အဓိက အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိရာ Hulhule ကျွန်းတို့အား ချိတ်ဆက်ထားသည့် ထို တံတားသည် ၂ ကီလိုမီတာ ရှည်လျားပြီး ကျွန်းနှစ်ခုထံသွားရန် အချိန် ၅ မိနစ်သာကြာတော့မည်ဖြစ်ကြောင်း သိရသည်။

တရုတ်-မော်လ်ဒိုက် ချစ်ကြည်ရေးတံတားသည် ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုလမ်းမကြီး ပူးတွဲတည်ထောင်ရာတွင် မော်လ်ဒိုက်နိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ အရေးပါသော စီမံကိန်းတစ်ခုဖြစ်သည်။ တံတားတည်ဆောက်မှုအား ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.