Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဒုတိယ သမ္မတ နှင့် ဗြိတိန် လွှတ်တော်အမတ် တွေ့ဆုံ

တရုတ်နိုင်ငံ ဒုတိယ သမ္မတ လီယွမ်ချောင် (Li Yuanchao) နှင့် ဗြိတိန်နိုင်ငံ အထက်လွှတ်တော်အမတ် Charles Powellတို့ လက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယ သမ္မတ လီယွမ်ချောင် (Li Yuanchao) သည် ဇန်နဝါရီလ ၂၇ ရက်က ဗြိတိန်နိုင်ငံ အထက်လွှတ်တော် အမတ် Charles Powell နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

လီက တရုတ်-ဗြိတိန် ဆက်ဆံရေးသည် ယခုနှစ်အတွင်း ပိုမိုတိုးတက် ဖွံံ့ဖြိုးရန် တာစူနေပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ တွင် ဗြိတိန်နိုင်ငံသို့ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ အလည်အပတ် ခရီးစဉ် ဖြင့် ယခုနှစ် ၏ ရွှေရောင် လွှမ်းသည့် ဆက်ဆံရေးသစ်များ ကို စတင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံစလုံးသည် ၂၁ ရာစုတွင် ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာ ဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးအား ပိုမို ရှေ့ဆက် မြှင့်တင်နိုင်ရန် ဗြိတိန်နိုင်ငံ ၏ အခြေခံ အဆောက်အအုံ များအား အဆင့်မြှင့်တင်ခြင်းနှင့် နျူကလီးယား စွမ်းအင်၊ ငွေကြေးကဏ္ဍ နှင့် မြန်နှုန်းမြင့် ရထား စသည့် နယ်ပယ်များတွင် ပါဝင် ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ် တို့နှင့် အတူ တရုတ်နိုင်ငံ ၏ ပိုးလမ်းမကြီး အစပျိုးမှု တွင် ပေါင်းစပ် ပါဝင် သင့်ကြောင်း ပြောကြားခဲ့သည်။

Powell ကဆက်၍ ဗြိတိန်နိုင်ငံသည် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်လာစေရန် အတွက် တရုတ်နိုင်ငံ နှင့် လက်တွဲ လုပ်ဆောင်ရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.