Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ရေတပ် သင်္ဘော အုပ်စု အင်ဒိုနီးရှားသို့ ရောက်ရှိ

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့သို့ ဇန်နဝါရီိလ ၂၄ ရက်တွင် ရောက်ရှိလာသော တရုတ်ရေတပ် သင်္ဘောအုပ်စုမှ ဖျက်သင်္ဘော ကျိနန်အား တွေ့ရစဉ် (ဆင်ဟွာ)

ဂျာကာတာ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရေတပ်သင်္ဘော အုပ်စု အမှတ် ၁၅၂ သည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့သို့ ငါးရက်ကြာ ခရီးစဉ်အဖြစ် ဇန်နဝါရီလ ၂၄ ရက်က ရောက်ရှိလာခဲ့ပြီး ၎င်းသင်္ဘော အုပ်စု၏ ကမ္ဘာပတ် ခရီးစဉ်တွင် နောက်ဆုံး ဆိုက်ကပ်ရာမြို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်္ဘော အုပ်စု အား အင်ဒိုနီးရှား နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ရှဲဖန်း၊ အာဆီယံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ရူပု နှင့် အင်ဒိုနီးရှား ပင်မ ရေတပ် အခြေစိုက်စခန်း (၃) ၏ ဒုတိယ တပ်မှူး Eko Wahyono တို့က အခမ်းအနားဖြင့် ကြိုဆိုခဲ့ကြကြောင်း သိရသည်။

ဂျာကာတာမြို့ရှိ Tanjung Priok ဆိပ်ကမ်းတွင် ကျင်းပသည့် အဆိုပါ အခမ်းအနားသို့ တရုတ် အသင်းအဖွဲ့ များမှ ကိုယ်စားလှယ်ပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တရုတ်နိုင်ငံ ရေတပ်သင်္ဘော အုပ်စု တပ်မှူး ဝမ်ကျင့်ရွှင် က ယခု ခရီးစဉ်သည် နှစ်နိုင်ငံကြား ချစ်ကြည်ရေး ပိုမို မြင်မားလာစေရန်နှင့် နှစ်နိုင်ငံ စစ်တပ်များ အချင်းချင်း အထူးသဖြင့် ရေတပ် အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု များ ပိုမို လုပ်ဆောင်လာနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။
ယင်း ရေတပ်သင်္ဘော အုပ်စုတွင် ဒုံးကျည် တပ်ဆင်ထားသည့် ဖျက်သင်္ဘော ကျိနန်၊ ဒုံးကျည် တပ်ဆင်ထားသည့် ဖရီးဂိတ် တိုက်သင်္ဘော ယိယောင်း နှင့် ဘက်စုံ ထောက်ပံ့ရေး သင်္ဘော ချင်ထောင်ဟူတို့ ပါဝင်ပြီး ကြိုဆိုပွဲ အခမ်းအနား အပြီးတွင် အများပြည်သူ ကြည်ရှုလေ့လာရန် ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သင်္ဘောအုပ်စု ဂျာကာတာမြို့တွင် ရှိနေစဉ်အတွင်း အရာရှိများနှင့် စစ်သားများသည် ဒေသတွင်းရှိ မိဘမဲ့ကျောင်းများသို့ သွားရောက် လည်ပတ် သွားမည်ဖြစ်ကာ အုပ်စု တပ်မှူး ဝမ်ကျင့်ရွှင်သည် အင်ဒိုနီးရှား အနောက်ပိုင်း သင်္ဘော အုပ်စု တပ်မှူး နှင့် ဂျာကာတာမြို့ အုပ်ချုပ်ရေးမှူးတို့ကို တွေ့ဆုံ သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.