Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ဥဇဘက်ကစ္စတန်နိုင်ငံနှင့် ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်များအဖြစ် ထွက်ခွာ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ဥဇဘက်ကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် အဗ္ဗဒူလာအရီပိုဗ် (Abdulla Aripov) နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ (Prayut Chan-o-cha) တို့၏ ဖိတ်ကြားချက်များအရ ဥဇဘက်ကစ္စတန်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးများသွားရောက်ခြင်း၊ နှစ်နိုင်ငံတွင် အစည်းအဝေးများ တက်ရောက်ခြင်းများအတွက် နိုဝင်ဘာ ၁ ရက်တွင် ပေကျင်းမှ ထွက်ခွာခဲ့ကြောင်း သိရသည်။

လီသည် ချစ်ကြည်ရေးခရီးစဉ်အတွင်း ဥဇဘက်ကစ္စတန်နိုင်ငံ မြို့တော် တက်ရှ်ကန့်တွင် ပြုလုပ်မည့် ၁၈ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစိုးရအဖွဲ့ခေါင်းဆောင်များကောင်စီ အစည်းအဝေး တက်ရောက်ခြင်း၊ ၂၂ ကြိမ်မြောက် တရုတ်-အာဆီယံ (10+1) ခေါင်းဆောင်များအစည်းအဝေး၊ ၂၂ ကြိမ်မြောက် အာဆီယံ-တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား (10+3) ခေါင်းဆောင်များအစည်းအဝေးနှင့် ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်တွင် ပြုလုပ်မည့် ၁၄ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး တက်ရောက်ခြင်းများ လုပ်ဆောင်မည်ဖြစ်သည်။

လီနှင့်အတူ နိုင်ငံကောင်စီဝင်နှင့် နိုင်ငံတော်ကောင်စီ အထွေထွေအတွင်းရေးမှူး ရှောက်ကျဲလည်း လိုက်ပါသွားခဲ့ကြောင်း သိရသည်။ (Xinhua)