Connect with us

Politics, Law & Military

တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မည့် ပြင်သစ်သမ္မတ၏ အတ္ထုပ္ပတ္တိ

ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူမက်ခရွန်အားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ  ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ပြင်သစ်နိုင်ငံသမ္မတအီမန်နျူ မက်ခရွန် (Emmanuel Macron) သည် နိုင်ငံတော်အလည်အပတ်ခရီးစဉ် နှင့်  ဒုတိယအကြိမ်မြောက်တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ  ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ရန် အတွက် တရုတ်နိုင်ငံသို့ နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

သမ္မတမက်ခရွန်ကို ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း Amiens မြို့၌ ၁၉၇၇ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၎င်းသည် ပါရီနိုင်ငံရေးသိပ္ပံ နှင့် အမျိုးသားစီမံခန့်ခွဲရေးကျောင်းများတွင် ပညာဆည်းပူးခြင်းမပြုမီ Paris Nanterre တက္ကသိုလ်မှဘွဲ့ရ ရှိခဲ့သူ တစ်ဉီးဖြစ်သည်။ 

မက်ခရွန်သည် ၂၀၁၂ ခုနှစ်တွင် ပြင်သစ်သမ္မတရုံး၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်အဖြစ်လည်းကောင်း ၊ ၂၀၁၄ ခုနှစ်တွင် စီးပွားရေး ၊စက်မှု နှင့် ဒစ်ဂျစ်တယ် နည်းပညာရေးရာ ဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ခံခဲ့ရသည်။၎င်းသည် ၂၀၁၆ ခုနှစ်တွင် ရှေ့သို့ချီတက်ခြင်း “ En March” ဟူသော ကိုယ်ပိုင်ဟန် နိုင်ငံရေးလှုပ်ရှားမှု တစ်ခုပြုလုပ်ခဲ့ပြီး ပြင်သစ်နိုင်ငံသမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

၎င်းသည် ပြင်သစ်သမ္မတနိုင်ငံ(French Firth Republic) ၏ အဌမမြောက်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရပြီး ၂၀၁၇ ခုနှစ် မေ ၇ ရက်တွင် ပြင်သစ်နိုင်ငံသမိုင်းတစ်လျှောက် ၁၁ ယောက်မြောက် သမ္မတ ဖြစ်လာကာ မေ ၁၄ ရက်တွင် နိုင်ငံ့အာဏာ စတင် လက်ခံရရှိခဲ့ကြောင်း သိရသည်။မက်ခရွန်သည် Brigitte Macron နှင့်လက်ထပ်ထိမ်းမြားခဲ့ကြောင်း သိရသည်။(Xinhua)