Connect with us

Politics, Law & Military

၁၉ ကြိမ်မြောက် CPC ဗဟိုကော်မတီ၏ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကြေညာချက်ထုတ်ပြန်

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ထျန်းအန်းမင်ရင်ပြင်၌ တရုတ်နိုင်ငံတော်အလံကို လွှင့်ထူထားစဉ် (ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ)

၁၉ ကြိမ်မြောက် CPC ဗဟိုကော်မတီ၏ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး ပိတ်ပွဲအခမ်းအနားကို တရုတ်နိုင်ငံပေကျင်းမြို့၌ ယနေ့အောက်တိုဘာ ၃၁ ရက်တွင်ကျင်းပပြုလုပ်ခဲ့ပြီး တရားဝင်ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်သည် CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအစည်းအဝေးအတွင်း အရေးကြီးမိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ကြောင်း  သိရသည်။မျက်နှာစုံညီအစည်းအဝေးတွင် CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့၏ တာဝန်ရှိပုဂ္ဂိုလ် ရှီထံမှ တင်ပြသည့် အလုပ်အစီရင်ခံစာတစ်စောင်အပေါ် ကြားနာခြင်းနှင့် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း တရားဝင်ကြေညာချက်အရ သိရသည်။

အစည်းအဝေးတွင် တရုတ်သွင်ပြင်လက္ခဏာနှင့်အတူ ဆိုရှယ်လစ်စနစ်ကို မည်သို့ ထိန်းသိမ်းရန် နှင့် မြှင့်တင်ရန် ၊  ခေတ်မီတိုးတက်သော ဆိုရှယ်လစ်စနစ်ကို မြှင့်တင်ခြင်း နှင့် အုပ်ချုပ်ရေးစွမ်းဆောင်မှု မြှင့်တင်ခြင်းဆိုင်ရာ  အဓိက အရေးကိစ္စရပ်များအပေါ်  CPC ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များကို ပြန်လည်သုံးသပ်ခြင်း နှင့် တရားဝင် လက်ခံခြင်းများ ပြုလုပ်ခဲ့သည်။ အစီရင်ခံစာမူကြမ်းကို မျက်နှာစုံညီအစည်းအဝေးတွင် ရှီက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117