Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ၏ ထိပ်တန်းဥပဒေပြုအမတ်က ရုရှား၊ ကာဇက်စတန် နှင့် အဇာဘိုင်ဂျန် နိုင်ငံများသို့ အလည်အပတ်သွားရောက်ရန်ရှိ

တရုတ်နိုင်ငံ ၏ ထိပ်တန်းဥပဒေပြုအမတ် လီကျန့်ရှူး (Li Zhanshu)အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၏ ထိပ်တန်းဥပဒေပြုအမတ် လီကျန့်ရှူး (Li Zhanshu) သည် စက်တင်ဘာ ၁၉ ရက် မှ ၂၈ ရက် အထိ ရုရှားနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ နှင့် အဇာဘိုင်ဂျန် နိုင်ငံများသို့ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ရန် ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ လီသည် အာဇာဘိုင်ဂျန်နိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Ogtay Asadov၊ ကာဇက်စတန်နိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ Dariga Nazarbayeva၊ ကာဇက်စတန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ Nurlan Nigmatulin နှင့် ရုရှားအောက်လွှတ်တော်ဥက္ကဋ္ဌ Viacheslav Volodin တို့ ၏ ဖိတ်ကြားချက်အရ အလည်အပတ်သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။

ခရီးစဉ်ကာလ အတွင်း လီသည် ကာဇက်စတန်နိုင်ငံတွင် ကျင်းပမည့် ယူရေးရှားနိုင်ငံများ ၏ လေးကြိမ်မြောက် လွှတ်တော်ဥက္ကဋ္ဌများအစည်းအဝေး (MSEAP) တက်ရောက်မည်ဖြစ်ပြီး၊ ရုရှားနိုင်ငံ တွင်ကျင်းပမည့် ရုရှားလွှတ်တော် နှင့် (NPC)တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်အကြားပူးပေါင်းဆောင်ရွက်မှု ကော်မတီ ၏ ၅ကြိမ်မြောက်အစည်းအဝေးကိုလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.