Connect with us

Politics, Law & Military

တရုတ်သမ္မတ နှင့် တရုတ်ဝန်ကြီးချုပ် တို့က မြန်မာ့တပ်မတော်လေယာဉ်ပျက်ကျမှု အပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော် (ဝဲ) နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) တို့ ၂၀၁၇ခုနှစ် ဧပြီ ၁၀ ရက်က တွေ့ဆုံနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မြန်မာနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းတွင် တပ်မတော်လေယာဉ်တစ်စီး ပျက်ကျသွားသည့်အတွက် အထူးဝမ်းနည်းကြေကွဲရပါကြောင်း မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော် ထံ ဇွန်လ ၉ ရက် က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရှိရသည်။

ယင်းသဝဏ်လွှာ၌ ရှီက လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားသူများအတွက် အထူးဝမ်းနည်းရပါကြောင်း၊ မြန်မာနိုင်ငံအစိုးရ နှင့် ပြည်သူများ အထူးသဖြင့် သေဆုံးသူများ၏ မိသားစုများ နှင့် ထပ်တူထပ်မျှ ပူဆွေးခံစားရပါကြောင်း ပြောကြားခဲ့သည်။ရှီက ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းကောင်းများအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အစိုးရ နှင့် ပြည်သူများ၏ ဝမ်းနည်းကြေကွဲမှုကို မျှဝေခံစားသွားမည်ဖြစ်ကြောင်း၊ လေယာဉ်ပျက်ကျမှု နောက်ဆက်တွဲလုပ်ငန်းများအတွက် မြန်မာနိုင်ငံမှ လိုအပ်သည့် အကူအညီများကိုလည်း စိတ်အားထက်သန်စွာဖြင့် ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အတူ တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး ၎င်းသဝဏ်လွှာ၌ လေယာဉ်ပျက်ကျမှုကြောင့် အသက်ဆုံးရှုံးခဲ့သူများအတွက် အထူးဝမ်းနည်းကြေကွဲ ရပါကြောင်းပြောကြားခဲ့သည်။လီက မြန်မာနိုင်ငံသည် အဖွဲ့အစည်းအားလုံး၏ ချိတ်ဆက်ဆောင်ရွက်မှုဖြင့် လေယာဉ်ပျက်ကျမှု အရေးကိစ္စကို ကောင်းမွန်စွာ ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားခဲ့သည်။

မြိုတ်မြို့မှ ရန်ကုန်မြို့သို့ ဦးတည်ပျံသန်းလာသည့် လူ ၁၂၂ဦးလိုက်ပါလာသော တပ်မတော်လေယာဉ်တစ်စင်း သည် ဇွန်လ ၇ ရက် နေ့လည်ပိုင်းတွင် မြေပြင်စခန်းနှင့် အဆက်အသွယ် ပြတ်တောက်သွားပြီး ပျက်ကျသွားခဲ့ကြောင်း သိရှိရသည်။ထို့နောက် မြန်မာနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းအလွန်တွင် ရုပ်အလောင်းစုစုပေါင်း ၃၁ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.