Connect with us

Politics, Law & Military

BRICS နိုင်ငံများအကြား စည်းလုံးညီညွတ်မှုရှိရေးနှင့် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုအတွက် ဆင်ဟွာ ဥက္ကဋ္ဌ တိုက်တွန်း

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်က ပြုလုပ်ခဲ့သည့် ပထမဆုံးအကြိမ် BRICS မီဒီယာဖိုရမ်တွင် မိန့်ခွန်းပြောကြားနေသည့် ဆင်ဟွာ သတင်းအေဂျင်စီ ဥက္ကဋ္ဌ ချိုက်မင်းကျိုအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ)

BRICS မီဒီယာအကြား စည်လုံးညီညွတ်မှုရှိပြီး လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် အားထုတ် လုပ်ဆောင်ကြရန် ဇွန်လ ၈ ရက်တွင် တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ ပြုလုပ်သော BRICS မီဒီယာဖိုရမ် အဖွင့် မိန့်ခွန်း၌ ဆင်ဟွာ သတင်း အေဂျင်စီ ဥက္ကဋ္ဌ ချိုက်မင်းကျိုက ပြောကြားခဲ့သည်။

BRICS မီဒီယာများအကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေးနှင့် ခရီးစဉ် ဖလှယ်မှုများ၊ ပညာရှင်အဆင့် သင်တန်းများ ပေးခြင်းနှင့် ပူးတွဲ အင်တာဗျူးများ အပါအဝင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ဆက်လက် လုပ်ဆောင်ရန်အတွက် BRICS မီဒီယာ ရန်ပုံငွေ ထူထောင်ရန် အမေရိကန် ဒေါ်လာ ၁ သန်း ထည့်ဝင်မည် ဖြစ်ကြောင်း ချိုက်က ပြောကြားခဲ့သည်။

အဆိုပါ စီမံချက်အား ဇွန်လ ၇ ရက်တွင် ပြုလုပ်ခဲ့သည့် BRICS မီဒီယာဖိုရမ် ဦးဆောင်အဖွဲ့ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ယခု ဖိုရမ်ပြီးပါက ထုတ်ပြန်မည် ဖြစ်သည်။

ထို့ပြင် BRICS သတင်းဆုအတွက် သတင်းများ ရွေးချယ်ရန်နှင့် ပူးတွဲ ဓာတ်ပုံပြပွဲ ဆက်လက် ပြုလုပ်ရန် ဖိုရမ် တက်ရောက်လာသည့် မီဒီယာ အဖွဲ့အစည်းများက သဘောတူခဲ့ကြောင်း BRICS မီဒီယာ ဖိုရမ်၏ အမှုဆောင် ဥက္ကဋ္ဌ ချိုက်က ပြောသည်။

“BRICS သတင်းဆု ရွေးချယ်ပွဲကို အိမ်ရှင်အဖြစ် ဆင်ဟွာက လက်ခံ ကျင်းပမည် ဖြစ်သလို ဒုတိယအကြိမ် ပူးတွဲ ဓာတ်ပုံပြပွဲအတွက် ပြင်ဆင်မည့် အခြား BRICS မီဒီယာအား ကူညီမှာ ဖြစ်တယ်” ဟု ချိုက်က ပြောသည်။

ချိုက်၏ အဆိုအရ ဖိုရမ် တက်ရောက်သည့် မီဒီယာ အဖွဲ့အစည်းအားလုံးက ဖွံ့ဖြိုးမှု ပေါင်းစည်းရေး၊ ဗီဒီယို၊ သတင်းမီဒီယာနှင့် လူမှုမီဒီယာကဲ့သို့သော နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုအား တက်ကြွစွာ ရှာဖွေရန် သဘောတူခဲ့ကြောင်း သိရသည်။

ဆင်ဟွာ သတင်းဋ္ဌာနအနေဖြင့် နှစ်စဉ် BRICS မီဒီယာ သတင်းထောက် ၂၀ ဦးအား တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ခြင်း၊ အမြင်ချင်းဖလှယ်ခြင်းနှင့် သတင်း ရေးသားတင်ပြခြင်းများအတွက် ရန်ပုံငွေ ထောက်ပံ့ရန် ဆန္ဒရှိကြောင်း ချိုက်က ပြောကြားခဲ့သည်။ ထို့ပြင် မီဒီယာဖိုရမ် ဆက်ဆံရေးရုံးအတွက် ငွေကြေး၊ ဝန်ထမ်း၊ နေရာနှင့် အခြား ကဏ္ဍများ တည်ထောင်ရာတွင် ဆင်ဟွာက အခိုင်အမာ ထောက်ပံ့ပေးရန် ဆန္ဒရှိကြောင်း သိရသည်။

အဆိုပါ ဆက်ဆံရေးရုံးအနေဖြင့် ကောင်းမွန်စွာ ပေါင်းစည်းရေးနှင့် အရေးပါသော ဆက်စပ် လှုပ်ရှားမှုများ စီစဉ်ရေး စသည့် ကိစ္စများ၌ ဦးဆောင်အဖွဲ့ဝင် အဖွဲ့အစည်းများထံမှ အကြံပြုချက်များကို လက်ခံ နားထောင်ပေးမည် ဖြစ်ကြောင်း ချိုက်က ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.