Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး နှင့် ဂျာမနီ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တို့ တွေ့ဆုံဆွေးနွေး

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် ဂျာမနီ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Heiko Maas တို့ တွေ့ဆုံဆွေးနွေး နေစဉ်(ဆင်ဟွာ)

Buenos Aires ၊ မေ ၂၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က အာဂျင်တီးနား နိုင်ငံ တွင် G 20 နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်နေစဉ် အတွင်း မေလ ၂၁ ရက်နေ့ ၌ Buenos Aires မြို့တွင် ဂျာမနီ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Heiko Maas နှင့် တွေ့ဆုံဆွေးမှု တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း ဝမ်ရိ က တရုတ် နိုင်ငံ နှင့် ဂျာမနီ နိုင်ငံ တို့သည် နိုင်ငံတကာ တွင် အရေးပါသည့် နိုင်ငံကြီးများ ဖြစ်ကြပြီး ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့် တာဝန်များ ထမ်းဆောင်ထားကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ကဏ္ဍအသီးသီး ဆက်ဆံရေး ကို ထိန်းသိမ်းသွားပြီး မဟာဗျူဟာ အရ ညှိနှိုင်းဆောင်ရွက်မှု ကို တိုးချဲ့သွားရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ မဟာဗျူဟာ အရ ယုံကြည်မှု ကို တိုးမြှင့်သွားပြီး အနီးကပ် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု ကို ပြုလုပ်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Heiko Maas က ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် နှင့် ဂျာမနီ နိုင်ငံ အစိုးရ တို့က တရုတ် နိုင်ငံ နှင့် ကောင်းမွန်သည့် ဆက်ဆံရေး ထားရှိခြင်း ကို လွန်စွာ အလေးထားကြောင်း ၊ ဂျာမနီ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အနီးကပ် ဆက်ဆံရေး ကို ထိန်းသိမ်း သွားပြီး နိုင်ငံတကာ နှင့် ဒေသတွင်း အရေးကြီး ကိစ္စရပ်များတွင် မဟာဗျူဟာ အရ ဆက်သွယ်မှုများကို တိုးမြှင့်သွားလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ နှင့် ဂျာမနီ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တို့က တွေ့ဆုံဆွေးနွေးမှု အတွင်း အီရန် နျူကလီးယား အရေး နှင့် ပတ်သက်၍ သဘောထား အမြင်များကို ဖလှယ် ခဲ့ကြပြီး ဝမ်ရိ က တရုတ် နိုင်ငံ ၏ ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး ကို ငြိမ်းချမ်းစွာ ဖြေရှင်းစေလိုသော သဘောထား ရပ်တည်မှု ကို ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိ က တရုတ် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် အမေရိကန် နှင့် မြောက်ကိုရီးယား တိုက်ရိုက်ထိတွေ့မှု ဆောင်ရွက်ရန် ထောက်ခံအားပေး ခဲ့ပြီး နှစ်နိုင်ငံ အနေဖြင့် အပြန်အလှန် ယုံကြည်မှု ကို တိုးမြှင့်ကာ စီမံထားသည့် အတိုင်း ထိပ်သီးဆွေးနွေးပွဲ ကျင်းပသွားပြီး ညှိနှိုင်းဆောင်ရွက်မှုဖြင့် မိမိ တို့၏ လိုလားချက် များကို ဖြေရှင်းသွား စေလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.