Connect with us

Politics, Law & Military

အာဂျင်တီးနား နိုင်ငံ သမ္မတ နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး တို့ တွေ့ဆုံဆွေးနွေး

အာဂျင်တီးနား နိုင်ငံ သမ္မတ Mauricio Macri နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့က မေလ ၂၂ ရက်နေ့ တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

Buenos Aires ၊ မေ ၂၃ ရက် (ဆင်ဟွာ)

အာဂျင်တီးနား နိုင်ငံ သမ္မတ Mauricio Macri နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့က မေလ ၂၂ ရက်နေ့ တွင် Buenos Aires မြို့၌ တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း အာဂျင်တီးနား နိုင်ငံ သမ္မတ Mauricio Macri က အာဂျင်တီးနား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ကို လွန်စွာ အလေးထားပြီး အာဂျင်တီးနား နိုင်ငံ စီးပွားရေး အခက်အခဲ ဖြစ်ပွား စဉ်က တရုတ် နိုင်ငံ ၏ ကူညီထောက်ပံ့မှု အား ကျေးဇူးတင်ရှိကြောင်း ၊ အာဂျင်တီးနား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ဘက်စုံမဟာဗျူဟာ မိတ်ဘက်ဆက်ဆံရေး ကို ပိုမို နက်ရှိုင်းစေလိုပြီး နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားလိုကြောင်း ၊ မိမိ အနေဖြင့် တရုတ် နိုင်ငံ သမ္မတ မှ အာဂျင်တီးနား နိုင်ငံ တွင် ကျင်းပ မည့် G 20 ထိပ်သီး အစည်းအဝေး ကို လာရောက်မည့် အပေါ် လွန်စွာ မျှော်လင့်နေပြီး အာဂျင်တီးနား နိုင်ငံ အား နိုင်ငံတော် အဆင့် အလည်အပတ် ခရီး လာရောက်မည့် အပေါ် နွေးထွေးစွာ ကြိုဆိုကြောင်း ၊ အာဂျင်တီးနား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ကို လွန်စွာ အလေးထားပြီး နှစ်နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ဖွံ့ဖြိုးတိုးတက်စေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ဝမ်ရိ က လတ်တလော ကာလပိုင်း တွင် အာဂျင်တီးနား နိုင်ငံ အနေဖြင့် ပြည်ပ သက်ရောက်မှုများကြောင့် စီးပွားရေး အခြေအနေ လှုပ်ခတ်မှုများ ဖြစ်ပွား ခဲ့ကြောင်း ၊ အာဂျင်တီးနား နိုင်ငံ သမ္မတ ၏ ဦးဆောင်မှုဖြင့် အခြေအနေ ကို တည်ငြိမ်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ က အာဂျင်တီးနား နိုင်ငံ ၏ ဘက်စုံမဟာဗျူဟာ မိတ်ဘက်ဆက်ဆံရေး ထားရှိသည့် နိုင်ငံ အနေဖြင့် တတ်နိုင်သမျှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အာဂျင်တီးနား နိုင်ငံ နှင့် ဆက်ဆံရေး ကို လွန်စွာ အလေးထားပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ကို တိုးမြှင့်သွားလိုကြောင်း ၊ တရုတ် နိုင်ငံ က လက်ရှိချိန်တွင် ကမ္ဘာ့အကြီးဆုံး ဈေးကွက် အဖြစ် ကို ရောက်ရှိတော့မည် ဖြစ်ပြီး အာဂျင်တီးနား နိုင်ငံ အား တရုတ် နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု မှ ရရှိသည့် အခွင့်အလမ်းများကို မျှဝေသွားလိုကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိ က ယခင် နှစ်၌ အာဂျင်တီးနား နိုင်ငံ သမ္မတ မှ ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး ကို တက်ရောက်ခဲ့သဖြင့် အစည်းအဝေး အောင်မြင်မှု ရရှိရေး အတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အာဂျင်တီးနား နိုင်ငံ အား ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အတွင် အရေးပါသည့် မိတ်ဖက် နိုင်ငံ အဖြစ် သတ်မှတ်ထားပြီး ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု နှင့် အာဂျင်တီးနား နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ တို့ကို ချိတ်ဆက်သွားလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အာဂျင်တီးနား နိုင်ငံ မှ G 20 ထိပ်သီး အစည်းအဝေး ကျင်းပခြင်း ကို အပြည့်အဝ ထောက်ခံပြီး အစည်းအဝေး တွင် အောင်မြင်မှု များစွာ ရရှိစေရန် အနီးကပ် ဆက်သွယ်မှု ထားရှိလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.