Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး နှင့် ဗြိတိန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တို့ တွေ့ဆုံဆွေးနွေး

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် ဗြိတိန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Boris Johnson တို့ တွေ့ဆုံဆွေးနွေး နေစဉ်(ဆင်ဟွာ)

Buenos Aires ၊ မေ ၂၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က အာဂျင်တီးနား နိုင်ငံ တွင် G 20 နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်နေစဉ် အတွင်း မေလ ၂၁ ရက်နေ့ ၌ Buenos Aires မြို့တွင် ဗြိတိန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Boris Johnson နှင့် တွေ့ဆုံဆွေးမှု တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း ဝမ်ရိ က တရုတ် နိုင်ငံ နှင့် ဗြိတိန် နိုင်ငံ တို့သည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများ ဖြစ်ကြပြီး လက်ရှိနိုင်ငံတကာ အခြေအနေများ မှာ မသေချာမရေရာမှုများ ဖြစ်ပွားနေသောကြောင့် နှစ်နိုင်ငံ အနေဖြင့် မဟာဗျူဟာ အရ ထိတွေ့ ဆက်ဆံမှုများကို တိုးချဲ့ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု ကို ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ရွှေခေတ်ကာလ အတွက် အဆက်မပြတ် ဖြည့်စွက်မှု များကို ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ နှင့် ဗြိတိန် နိုင်ငံ တို့ က ဥရောပ-အာရှ ကုန်းမြေကြီး ၏ နှစ်ဘက်တွင် တည်ရှိနေသောကြောင့် ခေတ်သစ်ပိုးလမ်းမကြီး အတူတကွ တည်ဆောက်ရေး တွင် ပူးပေါင်းဆောင်ရွက်မှု ကို တက်ကြွစွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Boris Johnson က ဗြိတိန်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး မှာ လွန်စွာ အရေးပါပြီး ဗြိတိန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ထိတွေ့ဆက်ဆံမှု တိုးမြှင့်ကာ နိုင်ငံတကာ နှင့် အလွှာအသီးသီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့သွားလိုကြောင်း ၊ တရုတ် နိုင်ငံ ၏ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု သည် လက်ရှိ ကမ္ဘာပေါ်တွင် အရေးကြီးဆုံးသော ပူးပေါင်းဆောင်ရွက်မှု တစ်ခုဖြစ်သောကြောင့် ဗြိတိန် နိုင်ငံ အနေဖြင့် ယင်းဖော်ဆောင်မှုတွင် ပါဝင်သွားလိုပြီး ခေတ်သစ်ပိုးလမ်းမကြီး အတူတကွ တည်ဆောက်ရေး အား နှစ်နိုင်ငံ ရွှေခေတ်ကာလ ၏ အစိတ်အပိုင်း တစ်ခု အဖြစ် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

တွေဆုံဆွေးနွေးမှု အတွင်း အီရန် နျူကလီးယား အရေး နှင့် ပတ်သက်၍ ပြောကြား ခဲ့ရာတွင် Boris Johnson က အီရန် နျူကလီးယား သဘောတူညီချက် အား စွန့်လွတ်ခြင်း သည် ဘေးဒုက္ခ အဖြစ် ပြောင်းလဲသွားနိုင်သောကြောင့် သက်ဆိုင်ရာ အသီးသီး အနေဖြင့် အီရန် နျူကလီးယား သဘောတူညီချက် ဆက်လက် ရှင်သန် နိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ဝမ်ရိ က ယင်းအကြောင်းအရာ နှင့် ပတ်သက်၍ တရုတ် နိုင်ငံ ၏ သဘောထား ရပ်တည်မှု ကို ထပ်မံ ပြောကြား ခဲ့ပြီး ယင်းကိစ္စ နှင့် ပတ်သက်၍ ဗြိတိန် နိုင်ငံ အပါအဝင် သက်ဆိုင်ရာ နိုင်ငံ အသီးသီး နှင့် အနီးကပ် ဆက်သွယ်မှု ထားရှိသွားလိုကြောင်း ပြောကြား ခဲ့သည်။

ကိုရီးယား ကျွန်းဆွယ် နျူကလီးယား အရေး နှင့် ပတ်သက်၍ သဘောထား အမြင်များ ဖလှယ် ခဲ့ရာတွင် ဝမ်ရိ က ကိုရီးယား ကျွန်းဆွယ် အရေး မှာ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့် ခဲ့ပြီး သမိုင်းဖြစ်စဉ်ဟောင်း များ ထပ်သလဲလဲ ဖြစ်ပွားမှု ကို ရှောင်ရှားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် အမေရိကန် နှင့် မြောက်ကိုရီးယား တိုက်ရိုက်ထိတွေ့မှု ဆောင်ရွက်ရန် ထောက်ခံအားပေး ခဲ့ပြီး နှစ်နိုင်ငံ အနေဖြင့် အပြန်အလှန် ယုံကြည်မှု ကို တိုးမြှင့်ကာ စီမံထားသည့် အတိုင်း ထိပ်သီးဆွေးနွေးပွဲ ကျင်းပသွားကာ ညှိနှိုင်းဆောင်ရွက်မှုဖြင့် မိမိ တို့၏ လိုလားချက် များကို ဖြေရှင်းသွား စေလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.