Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ဝန်ကြီးချုပ် နှင့် ဗီယက်နမ် နိုင်ငံ ဝန်ကြီးချုပ် တွေ့ဆုံ ဆွေးနွေး

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ဗီယက်နမ် နိုင်ငံ ဝန်ကြီးချုပ် Nguyen Xuan Phuc အောက်တိုဘာ ၁၈ ရက် ၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ် ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က ဘရပ်ဆဲလ် မြို့ တွင် ကျင်းပပြုလုပ်သည့် အာရှ-ဥရောပ ထိပ်သီး အစည်းအဝေး အား တက်ရောက် အောက်တိုဘာ ၁၈ ရက် ညနေပိုင်း အချိန် ၌ ဗီယက်နမ် နိုင်ငံ ဝန်ကြီးချုပ် Nguyen Xuan Phuc နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း ဝန်ကြီးချုပ် လီခဲ့ချန် က တရုတ် နိုင်ငံ နှင့် ဗီယက်နမ် နိုင်ငံ တို့ က ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြပြီး အကျိုးတူပူးပေါင်းဆောင်ရွက်သည့် မိတ်ဖက် နိုင်ငံများ ဖြစ်ကြကြောင်း ၊ ယခုနှစ်သည် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ထူထောင်သည့် ၁၀ နှစ်ပြည့် နှစ်ဖြစ်ပြီး နှစ်နိုင်ငံ အနေဖြင့် နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှု အဆက်မပြတ် တိုးမြင့်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ဆက်ဆံရေး အား တွန်းအားပေး ဆောင်ရွက်ပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှု အား နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ အနေဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် အတွက် ထူးခြားသည့် အားသာချက်များ တည်ရှိနေပြီး တရုတ် နိုင်ငံ အနေဖြင့် ဗီယက်နမ် နိုင်ငံ ၏ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အတွက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားလိုကြောင်း ၊ ကုန်သွယ်မှု ပမာဏ အား တိုးချဲ့သွားပြီး ညီမျှသည့် ရေရှည်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရန် အတွက် တွန်းအားပေး ဆောင်ရွက်လိုကြောင်း ၊ ကဏ္ဍအသီးသီး အနီးကပ် ဆက်ဆံမှု ထားရှိပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည်ဆက်ဆံရေး ကို တိုးပွား ဆောင်ရွက်သွားလိုကြောင်း ၊ ဘက်ပေါင်းစုံ ရှုထောင့်ဖြင့် ရေကြောင်း ပြဿနာ များကို ကောင်းမွန်စွာ ကိုင်တွယ်သွားပြီး တောင်တရုတ်ပင်လယ် နှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ကို အတူတကွ ထိန်းသိမ်းသွားလိုကြောင်း တရုတ် နိုင်ငံ ဝန်ကြီးချုပ် က ပြောကြား ခဲ့သည်။

Nguyen Xuan Phuc က ဗီယက်နမ်-တရုတ် နှစ်နိုင်ငံ က ညီအကိုကောင်း နှင့် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး တည်ရှိသည့် နိုင်ငံ ဖြစ်ကြကြောင်း ၊ နှစ်နိုင်ငံ အဆင့်မြင့် အရာရှိများ အကြား အနီးကပ် ဆက်ဆံရေး တည်ရှိပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မှာလည်း အဆက်မပြတ် တိုးတက်လာခဲ့ကြောင်း ၊ ဗီယက်နမ် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ နှစ်ပါတီ နှင့် နိုင်ငံ ခေါင်းဆောင် တို့ ရရှိထားသည့် သဘောတူညီမှုများကို အကောင်အထည် ဖော်သွားပြီး ညီမျှသည့် ကုန်သွယ်ရေး နှင့် လွတ်လပ်သည့် ကုန်သွယ်ရေး ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားလိုကြောင်း ၊ ဗီယက်နမ် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များ စက်မှုဇုံ များ လာရောက်တည်ဆောက်ရန် ဖိတ်ခေါ်ပြီး ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု များ ပြုလုပ်သွား လိုကြောင်း ၊ ဗီယက်နမ် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ ရေကြောင်း ဆိုင်ရာ တည်ငြိမ်အေးချမ်းရေး ကို ထိန်းသိမ်းသွားလိုပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ခိုင်မြဲအောင် နှင့် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.