Connect with us

Politics, Law & Military

တရုတ်၊ မလေးရှား၊ ထိုင်း သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မည်

ယခင်ကပြုလုပ်ခဲ့သည့် တရုတ်၊ မလေးရှား ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ နှင့် ထိုင်းနိုင်ငံ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာလနှောင်းပိုင်းတွင် မလေးရှားနိုင်ငံ ၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်သွားရန် စီစဉ်ထားကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

“ငြိမ်းချမ်းရေး နှင့် ချစ်ကြည်ရေး ၂၀၁၈” အမည်ရှိ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို မလေးရှားနိုင်ငံ ၏ ပြည်နယ် ၂ခု နှင့် ကမ်းရိုးတန်းဧရိယာများတွင် အောက်တိုဘာ ၂၀ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင် စုစုပေါင်း ၆၉၂ဦး အပြင် ရေတပ်သင်္ဘော ၃စီး၊ ရဟတ်ယာဉ် ၂စီး၊ Il-76အမျိုးအစား ကုန်တင်လေယာဉ် ၃စီး နှင့် အခြားယာဉ် ၄စီး အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထုတ်ပြန်ချက်၌ ယင်းစစ်ရေးလေ့ကျင့်မှုသည် မည်သည့်နိုင်ငံကိုမျှ ပစ်မှတ်ထား ဆောင်ရွက်ခြင်းမဟုတ်ဘဲ တောင်တရုတ်ပင်လယ်ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရာတွင် ၃နိုင်ငံ တပ်ဖွဲ့ဝင်များ၏ တူညီသောဆန္ဒကို ဖော်ပြလိုခြင်းဖြစ်ကြောင်း၊ လက်တွေ့ကျသည့် ပူးပေါင်းဖလှယ်ဆောင်ရွက်မှုများ ရင့်သန်လာစေရန် နှင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ပူးပေါင်းတုံ့ပြန်ရာတွင် စွမ်းအားမြင့်မားမှုရှိလာရန် ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)