Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ဝန်ကြီးချုပ် နှင့် ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် တွေ့ဆုံ ဆွေးနွေး

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် Hun Sen အောက်တိုဘာ ၁၈ ရက် ၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ် ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က ဘရပ်ဆဲလ် မြို့ တွင် ကျင်းပပြုလုပ်သည့် အာရှ-ဥရောပ ထိပ်သီး အစည်းအဝေး အား တက်ရောက် အောက်တိုဘာ ၁၈ ရက် ညနေပိုင်း အချိန် ၌ ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် Hun Sen နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း လီခဲ့ချန် က တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံ ချစ်ကြည်ရေး မှာ လွန်စွာ နက်ရှိုင်း ပြီး အချိန်ကာလ ကြာမြင့်လာသည့် အလျောက် ပိုမို ခိုင်မြဲလာကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကမ္ဘောဒီးယား နိုင်ငံ နှင့် အတူတကွ ရိုးရာချစ်ကြည်ဆက်ဆံရေး ကို ပိုမိုခိုင်မြဲအောင် ဆောင်ရွက်သွားပြီး ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု ကို ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်ကာ နှစ်နိုင်ငံ ပြည်သူလူထု တို့အား လက်တွေ့ကျသည့် အကျိုးစီးပွား ဖြစ်ထွန်းမှု ကို ဖော်ဆောင် သွားလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် ကမ္ဘောဒီးယား နိုင်ငံ က မိမိ နိုင်ငံ အခြေအနေ နှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် လျှောက်လှမ်း သည် ကို ထောက်ခံခဲ့ပြီး ကမ္ဘောဒီးယား နိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက် ထောက်ခံပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် လီခဲ့ချန် က တရုတ်-ကမ္ဘောဒီးယား နှစ်နိုင်ငံ အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်မှု ကို တိုးချဲ့ ဆောင်ရွက်သွားရမည် ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ ကို တိုးမြှင့် သွားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဆက်လက်၍ ကမ္ဘောဒီးယား မှ အရည်အသွေး ကောင်းမွန်သည့် စိုက်ပျိုးရေး ထွက်ကုန်များ ကို တင်သွင်းသွားမည် ဖြစ်ပြီး အရည်အချင်း ပြည့်ဝ သည့် တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များ ကမ္ဘောဒီးယား နိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် တိုက်တွန်းပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် Hun Sen က ယခု နှစ်ဆန်းပိုင်း တွင် တရုတ် နိုင်ငံ ဝန်ကြီးချုပ် မှ ကမ္ဘောဒီးယား နိုင်ငံ သို့ လာရောက်လည်ပတ်ခဲ့ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များ အစည်းအဝေး ကို တက်ရောက် ခဲ့သည့် အတွက် နှစ်နိုင်ငံ ဆက်ဆံရေး နှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အတွက် အားအင်သစ်များ ဖြည့်စွက်ပေးနိုင်ခဲ့ကြောင်း ၊ ကမ္ဘောဒီးယား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ အပြန်အလှန် ထောက်ခံအားပေးမှု ကို ဆောင်ရွက်ပြီး နိုင်ငံတကာရေးရာ ကိစ္စရပ် များတွင် ညှိနှိုင်းဆောင်ရွက်မှု တိုးချဲ့သွားလိုကြောင်း ၊ ကမ္ဘောဒီးယား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် စီးပွားရေး ၊ ကုန်သွယ်ရေး နှင့် စိုက်ပျိုးရေး စသည့် ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားလိုပြီး တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု လာရောက် ပြုလုပ်ရန် ဖိတ်ခေါ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.