Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ နှင့် ဘရာဇီး နိုင်ငံ သမ္မတ တို့က တောင်အာဖရိက နိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ် မြို့တွင် တွေ့ဆုံ ဆွေးနွေး

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဘရာဇီး နိုင်ငံ သမ္မတ Michel Temer တို့က ဇူလိုင်လ ၂၆ ရက် ၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

ဂျိုဟန်နက်စ်ဘာ့ဂ် ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဘရာဇီး နိုင်ငံ သမ္မတ Michel Temer တို့က ဇူလိုင်လ ၂၆ ရက် ၌ တောင်အာဖရိက နိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ် မြို့ တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ် နိုင်ငံ နှင့် ဘရာဇီး နိုင်ငံ အကြား ဆက်ဆံရေး သည် အပြန်အလှန် လေးစားမှု ၊ တန်းတူညီမျှ ဆက်ဆံမှု နှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမှု တို့တွင် အခြေခံထားပြီး ရင့်ကျက် တက်ကြွသော ဖွံ့ဖြိုးဆဲ နိုင်ငံကြီးများ အကြား ဆက်ဆံရေး ပုံစံ ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် တရုတ် နိုင်ငံ နှင့် ဘရာဇီး နိုင်ငံ တို့သည် အရှေ့ နှင့် အနောက် နိုင်ငံ တို့တွင် အကြီးဆုံးသော ဖွံ့ဖြိုးဆဲ နိုင်ငံများ ဖြစ်ကြပြီး အသစ်ပေါ်ထွန်း လာသည့် ဈေးကွက် နိုင်ငံများ ဖြစ်ကြကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ညီညွှတ်စွာ ညှိနှိုင်းဆောင်ရွက်မှု ကို မြှင့်တင်ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကာ နှစ်ဖက်ဒေသ နှင့် ကမ္ဘာ့ တည်ငြိမ်အေးချမ်းရေး နှင့် တိုးတက်ထွန်းကားရေး အတွက် ကောင်းမွန်သည့် အားအင်များကို ပေးဆပ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ရှီကျင့်ဖိန် က တရုတ်-ဘရာဇီး နှစ်နိုင်ငံ အနေဖြင့် ကဏ္ဍအသီးသီး ပူပေါင်းဖလှယ်မှု ၏ လမ်းညွှန်မှု နှင့် ညှိနှိုင်းဆောင်ရွက်မှု ကို တိုးချဲ့သွားရမည် ဖြစ်ကြောင်း ၊ လွတ်လပ်စွာ ကုန်သွယ်မှု ကို ပိုမို အဆင်ပြေချောမွေ့အောင် တိုးမြှင့်ဆောင်ရွက်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး အရည်အသွေး မြင့်မားစွာ တိုးတက်လာရန် တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု နှင့် ဘရာဇီး နိုင်ငံ ၏ “မိတ်ဖက် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်” စသည့် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် များ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် တက်ကြွစွာ လေ့လာသွားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဘရာဇီး နိုင်ငံ နှင့် အတူတကွ တရုတ်-လက်တင်အမေရိက ပူးပေါင်းဆောင်ရွက်မှု ကို တွန်းအားပေး ဆောင်ရွက်ပြီး တရုတ် နိုင်ငံ နှင့် ပေါ်တူဂီ ဘာသာစကား အသုံးပြုသည့် နိုင်ငံများ အကြား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အား ပိုမို မြင့်မားသည့် အဆင့် သို့ရောက်ရှိ အောင် ဆောင်ရွက်သွားလိုကြောင်း အထူး ပြောကြား ခဲ့သည်။

ဘရာဇီး နိုင်ငံ သမ္မတ Michel Temer က ဘရာဇီး-တရုတ် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး သည် ခိုင်မာပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းစေကြောင်း ၊ ဘရာဇီး နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အား လွန်စွာ အလေးထားပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး ၊ ရင်းနှီးမြှုပ်နှံမှု ၊ အခြေခံအဆောက်အဦ တည်ဆောက်မှု နှင့် စွမ်းအင် စသည့် ကဏ္ဍ များတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက် သွားလိုကြောင်း ၊ အရေးပါသော ဖွံ့ဖြိုးဆဲ နိုင်ငံ များ အနေဖြင့် ဘရာဇီး-တရုတ် နှစ်နိုင်ငံ အနေဖြင့် နိုင်ငံတကာ နှင့် ဒေသတွင်း ကိစ္စရပ်များ တွင် အနီးကပ် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ BRICS နိုင်ငံများ စည်းလုံးညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်မှု ကို တွန်းအားပေး ဆောင်ရွက်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံ များ၏ ဘုံအကျိုးစီးပွား ကို ထိန်းသိမ်း သွားရမည် ဖြစ်ကြောင်း ၊ ဘရာဇီး နိုင်ငံ အနေဖြင့် လက်တင်အမေရိက-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် တက်ကြွစွာ ပေးဆပ် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)