Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ နှင့် တူရကီ နိုင်ငံ သမ္မတ တို့က တောင်အာဖရိက နိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ် မြို့တွင် တွေ့ဆုံ ဆွေးနွေး

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdoğan တို့က ဇူလိုင်လ ၂၆ ရက် ၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

ဂျိုဟန်နက်စ်ဘာ့ဂ် ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdoğan တို့က ဇူလိုင်လ ၂၆ ရက် ၌ တောင်အာဖရိကန် နိုင်ငံ ဂျိုဟန်နက်စ်ဘတ် မြို့ တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က လတ်တလော နှစ်ပိုင်း အတွင်း တရုတ်-တူရကီ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး သည် အဆင်ပြေချောမွေ့စွာ ဖွံ့ဖြိုးတိုးတက်နေပြီး နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု တွင်လည်း အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် တူရကီ နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အတွက် အခြေအနေသစ် နှင့် အားအင်သစ်များကို ဖြည့်စွက် သွားလိုကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် သဘောတူညီမှုများကို လက်တွေ့အကောင်အထည် ဖော်သွားပြီး ကဏ္ဍအသီးသီး နှင့် အလွှာအဆင့်ဆင့် ဆက်သွယ်မှု ကို ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှု ကို မြှင့်တင်ကာ မူဝါဒ ညှိနှိုင်းဆောင်ရွက် ကို အနီးကပ် ဆက်ဆံရေး ထားရှိပြီး နှစ်နိုင်ငံ ၏ အဓိက အကျိုးစီးပွား နှင့် အရေးပါသည့် ကိစ္စရပ် များတွင်အပြန်အလှန် စောင့်ရှောက်သွားရမည် ဖြစ်ကြောင်း ၊ တရုတ်-တူရကီ နှစ်နိုင်ငံ သည် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အား အတူတကွ တည်ဆောက်သည့် သဘာဝ အလျှောက်ဖြစ်တည်နေသော မိတ်ဆွေများ ဖြစ်ကြကြောင်း ၊ နှစ်နိုင်ငံ အတူတကွ အရေးကြီး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း များအား လက်တွေ့အကောင်အထည် ဖော်သွားပြီး တရုတ်-တူရကီ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်မှု ကို ဆောလျှင်စွာ ဖြစ်တည်လာရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ” BRICS + ” လုပ်ငန်းဆောင်ရွက်မှု မှ တစ်ဆင့် နှစ်နိုင်ငံ ဆက်သွယ်မှု နှင့် ပူပေါင်းဆောင်ရွက်မှု ကို တိုးချဲ့သွားလိုကြောင်း ပြောကြား ခဲ့သည်။

Recep Tayyip Erdoğan က တူရကီ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အား ကျေနပ်မိကြောင်း ၊ တူရကီ နိုင်ငံ အနေဖြင့် တရုတ် နှင့် အဆင့်မြင်အရာရှိ ကူးလူးဆက်ဆံရေး ထားရှိလိုပြီး ကုန်သွယ်မှု ပိုမိုနက်ရှိုင်းစေလိုကြောင်း ၊ ရင်းနှီးမြှုပ်နှံမှု ၊ အခြေခံအဆောက်အဦ တည်ဆောက်မှု ၊ အကြမ်းဖက် နှိမ်နင်းရေး နှင့် လုံခြုံရေး စသည့် ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက် သွားလိုကြောင်း ၊ ယင်းဆောင်ရွက်မှုများ က ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး နှင့် တည်ငြိမ်မှု ကို အထောက်အကူ ဖြစ်စေကြောင်း ၊ တူရကီ နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု တွင် ပူးပေါင်းဆောင်ရွက်ရန် ထောက်ခံ ပြီး ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ ကို ဆန့်ကျင်ကြောင်း ၊ လွတ်လပ်စွာ ကုန်သွယ်ရေး မူဝါဒ ကို ထောက်ခံပြီး နိုင်ငံတကာ ကိစ္စရပ်များတွင် တရုတ် နိုင်ငံ နှင့် ညှိနှိုင်းဆွေးနွေးမှု များကို အနီးကပ် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)