Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဗြိတိန် ကိန်းဘရစ် နယ်စား မင်းသား ဝီလျံတို့ တွေ့ဆုံ ဆွေးနွေး


လန်ဒန် ၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အောက်တိုဘာ ၂၀ ရက်နေ့ တွင် ဘက်ကင်ဟန် နန်းတော် တွင် ဗြိတိန် ကိန်းဘရစ် နယ်စား မင်းသား ဝီလျံ တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

ရှီကျင့်ဖိန် မှ မင်းသား အနေဖြင့် ယခုနှစ် မတ်လပိုင်းက တရုတ် နိုင်ငံသို့ လည်ပတ်ခဲ့သည့် ခရီးစဉ်မှာ အလွန် အောင်မြင် ခဲ့ကြောင်း ၊ နှစ်နိုင်ငံ အစိုးရ ရာထူး အဆင့်ဆင့် မှ ကူးလူးဆက်ဆံရေး အလွန် တက်ကြွစွာ ဆောင်ရွက် ခဲ့သောကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှု အခြေအနေ အလွန် ကောင်းမွန် ခဲ့ကြောင်း ၊ ကျွန်တော့ အနေဖြင့် ယခု အကြိမ် ဗြိတိန်သို့ လာရောက် လည်ပတ်ရခြင်းမှာ တရုတ်-ဗြိတိန် နှစ်နိုင်ငံ ဆက်ဆံရေး အား ပိုမို နက်ရှိုင်းစွာ တိုးချဲ့ကာ ချစ်ကြည်ရေး တိုးမြှင့်ရန် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ယခုနှစ်ပိုင်းတွင် တောရိုင်း တိရစ္ဆာန် ကာကွယ် ထိန်းသိမ်းရေး နှင့် တရားမဝင် ကုန်သွယ်ရေး တို့အား တိုက်ဖျက်ရာတွင် အောင်မြင်မှု များစွာ ရရှိခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဗြိတိန် နိုင်ငံနှင့် ဆက်လက်၍ သဘာဝ တောရိုင်း တိရစ္ဆာန် နှင့် သစ်တော ထိန်းသိမ်းရေးတွင် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဗြိတိန် မင်းသား ဝီလျံတို့ အောက်တိုဘာ (၂၀) ရက်နေ့က ဘက်ကင်ဟမ် နန်းတော်၌ တွေ့ဆုံ ဆွေးနွေးနေစဉ် (ဆင်ဟွာ)

မင်းသား ဝီလျံက ယခု နှစ် မတ်လ ပိုင်းတွင် တရုတ် နိုင်ငံ သို့ သွားရောက် လည်ပတ် ခဲ့သည် ကို ပြန်လည် သတိ ရကြောင်း ၊ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ ဗြိတိန် နိုင်ငံသို့ လာရောက် လည်ပတ် သည်ကို ကြိုဆိုကြောင်း ၊ ယခု ခရီးစဉ်မှ နှစ်နိုင်ငံ အကြား ကဏ္ဍ ပေါင်းစုံတွင် ပူူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ နိုင်မည်ဟု ယုံကြည်ကြောင်း ၊ တရုတ် နိုင်ငံ၏ ဆင်စွယ် တရားမဝင် ကုန်သွယ်မှု အား ပြတ်ပြတ်သားသား တိုက်ဖျက်ခဲ့မှုကို ချီးကျူးကြောင်း ၊ တရုတ် နိုင်ငံ၏ တောရိုင်း တိရစ္ဆာန် ကာကွယ်ရေး အပေါ် ဆောင်ရွက်မှု များအား ထောက်ခံကြောင်း ပြောကြား ခဲ့သည်။

ရှီကျင့်ဖိန် နှင့် ဝီလျံ တို့မှ တရုတ်-ဗြိတိန် နှစ်နိုင်ငံ ဘောလုံး ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြပြီး မင်းသား ဝီလျံက တရုတ် နိုင်ငံ ၏ ဘောလုံး အားကစား ဖွံ့ဖြိုး တိုးတက်ရန် ဆုမွန်ကောင်း တောင်းကြောင်း ကိုလည်း ပြောကြား ခဲ့သည်။ (Xinhua)