Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး တို့မှ ဗြိတိန် ဘုရင်မ အဲလိဇဘတ်-၂ ကျင်းပ သည့် ခမ်းနားထည်ဝါ သော ညစာစားပွဲ သို့ တက်ရောက်

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဗြိတိန် နိုင်ငံ ဘက်ကင်ဟမ် နန်းတော်၌ ဗြိတိန် ဘုရင်မ အဲလိဇဘတ်-၂ တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြု ထမင်းစားပွဲသို့ အောက်တိုဘာ ၂၀ ရက်နေ့ တက်ရောက်ခဲ့စဉ် (ဆင်ဟွာ)

လန်ဒန် ၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖျိန်လိယွမ် တို့သည် အောက်တိုဘာ ၂၀ ရက်နေ့ ည ပိုင်းတွင် ဗြိတိန် နိုင်ငံ ဘုရင်မ အဲလိဇဘတ်-၂ မှ ဘက်ကင်ဟမ် နန်းတော်တွင် တည်ခင်းသော ခမ်းနား ထည်ဝါသည့် ညစာစားပွဲသို့ တက်ရောက် ခဲ့ကြသည်။

ဘက်ကင်ဟမ် နန်းတော် တွင် မီးရောင်များ ထွန်းလင်းတောက်ပ ခဲ့ပြီး ပန်းပေါင်းစုံ များလည်း လှပ စွာ ခင်းကျင်းထား ခဲ့သည်။ တရုတ် နိုင်ငံ သမ္မတ နှင့် ဇနီး တို့က အဲလိဇဘတ်-၂ ဘုရင်မ နှင့် ကြင်ရာတော် မင်းသားကြီး ဖိလစ် ၊ မင်းသား ဝီလျံ နှင့် ကြင်ရာတော် ၊ မင်းသမီး အန်နီ ၊ မင်းသား အင်ဒရူး ၊ မင်းသား အက်ဒ်ဝပ် စသည့် တော်ဝင် မျိုးနွယ် များ၏ ကြိုဆိုခြင်း ကို ခံယူ ခဲ့ကြသည်။

အဲလိဇဘတ်-၂ ဘုရင်မ သည် ညစာစားပွဲတွင် မိန့်ခွန်းပြောကြားရာ၌ ယခုနှစ်သည် ဗြိတိန်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး၏ ထူးခြားသော နှစ်တစ်နှစ် ဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည် ပူးပေါင်းဆက်ဆံရေး သည် ယခင် က မရှိခဲ့ဖူး သည့် အောင်မြင်မှု များရရှိခဲ့သည့် နှစ် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အနေဖြင့် ဗြိတိန် နိုင်ငံ သို့ လာရောက် လည်ပတ်ခဲ့ခြင်း သည် သမိုင်းဝင် မှတ်တိုင် တစ်ခု ဖြစ်ပြီး နှစ်နိုင်ငံ ချစ်ကြည် ဆက်ဆံရေး အတွက် ပိုမို မြင့်မားသည့် အဆင့် သို့ တွန်းပို့ ပေးနိုင်မည် ဖြစ်ကြောင်း ၊ ဗြိတိန် နိုင်ငံ နှင့် တရုတ် နိုင်ငံ သည် အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းကြီး စနစ် ကို ထိန်းသိမ်းသူ များ ဖြစ်ကြကြောင်း ၊ ထို့ကြောင့် တိုက်ခိုက်မှုများ နှင့် ဆင်းရဲနွမ်းပါးမှုများ လျော့ချရေး၊ သဘာဝ အရင်းအမြစ် ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး စသည့် ကဏ္ဍ များတွင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပြီး နှစ်နိုင်ငံ အနေဖြင့် ကမ္ဘာ့ လူထု လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တက်ကြွစွာ ပေးဆပ် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ် နိုင်ငံ နှင့် ဗြိတိန် နိုင်ငံ သည် အရှေ့တိုင်း နှင့် အနောက် တိုင်း မှ ယဉ်ကျေးမှု ထွန်းကား ခဲ့သည့် ကိုယ်စားပြု နိုင်ငံ များဖြစ်ကြကြောင်း ၊ ယခု နှစ်သည် တရုတ် နိုင်ငံ ၏ ဖက်ဆစ် ဂျပန်တော်လှန်ရေး နှင့် ကမ္ဘာ့ဖက်ဆစ် တော်လှန်ရေး စစ်ပွဲ အောင်မြင်ခဲ့သည့် နှစ် ၇၀ ပြည့်သော နှစ် ဖြစ်ကြောင်း ၊ ဒုတိယ ကမ္ဘာစစ် အတွင်း တရုတ်-ဗြိတိန် နှစ်နိုင်ငံ သည် မဟာမိတ် နိုင်ငံ များ ဖြစ်ခဲ့ပြီး နှစ်နိုင်ငံ ပြည်သူလူထု မှ အပြန်အလှန် ကူညီထောက်ပံ့ခဲ့ကာ ချစ်ကြည်ရေး သံယောဇဉ် ဖွဲ့နှောင် နိုင်ခဲ့ကြောင်း ၊ ကုလသမဂ္ဂ ၏ အမြဲတန်း အဖွဲ့ဝင် နိုင်ငံ နှစ်နိုင်ငံ အနေဖြင့် တရုတ်-ဗြိတိန် နှစ်နိုင်ငံ သည် ကမ္ဘာ့ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တွန်းအားပေး နိုင်ရန် မြင့်မြတ်သည့် တာဝန် ကိုယ်စီ ရှိကြောင်း ၊ ယခု နှစ်သည် တရုတ်-ဗြိတိန် ဘက်စုံမိတ်ဆွေ မဟာဗျူဟာ ဆက်ဆံရေး ဒုတိယ ဆယ်စုနှစ် ၏ ပထမ နှစ်ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ဤ အခွင့်အရေးကို ခိုင်မြဲစွာ ဆုပ်ကိုင် ကာ နှစ်နိုင်ငံ ဆက်ဆံရေးအား ပိုမို ကောင်းမွန်သည့် အနာဂတ် များ ဖြစ်ပေါ် လာရန် ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)