Connect with us

Politics, Law & Military

တရုတ် နိုင်ငံ အပေါ် အကြောင်းမဲ့ ပြစ်တင်နေခြင်း သည် အမေရိကန် နိုင်ငံ ကပ်ရောဂါ ထိန်းချုပ် ကာကွယ်ရေး အတွက် မည်သည့် အထောက်အကူ မှ မရှိကြောင်း  ပြောကြား

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ် က အမေရိကန် နိုင်ငံ အစိုးရ အရာရှိ အချို့ ၏ တရုတ် နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး တွင် ဆောင်ရွက်ခဲ့သည့် ကြိုးပမ်းအား ထုတ်မှုများ အပေါ် အကြောင်းမဲ့ ပြစ်တင်ဝေဖန် နေခြင်း သည် စောင့်စည်းမှု နှင့် တာဝန်ယူမှုမရှိဘဲ အမေရိကန် နိုင်ငံ ကိုယ်ပိုင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ပင်လျှင် မည်သည့် အထောက်အကူ မှ မရှိကြောင်း မတ်လ ၁၂ ရက် တွင် ကျင်းပ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား ခဲ့သည်။

ကိန်းစွမ် က ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) အနေဖြင့် COVID-19 ရောဂါ အား ကမ္ဘာလုံးဆိုင်ရာ ကူးစက်မှု ရောဂါ အဖြစ် ကြေညာလိုက်သဖြင့် ယခု ဖြစ်ပွားနေသည့် ကပ်ရောဂါ သည် ကမ္ဘာ့ လူသား မျိုးနွယ် တစ်ရပ်လုံး အတူတကွ ရင်ဆိုင်ရမည့် စိန်ခေါ်မှု ဖြစ်ကြောင်း ကို ပေါ်လွင်စေ ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ အစိုးရ အရာရှိ အချို့ အား ယခုကဲ့သို့သော အရေးကြီး သည့် အချိန် တွင် ကပ်ရောဂါ အား ရင်ဆိုင်ရန် အာရုံ စိုက်စေလိုပြီး ပူးပေါင်းဆောင်ရွက်မှုများ တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၊ ယခုကဲ့သို့ အရေးကြီးသည့် အချိန်အခါ မျိုး တွင် တရုတ် နိုင်ငံ အပေါ် အပြစ် ပုံချခြင်း ၊ ခေါင်းရှောင်ခြင်း နှင့် တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး တွင် ဆောင်ရွက်ခဲ့သော ကြိုးပမ်းအားထုတ်မှုများ အား အကြောင်းမဲ့ ရှုံ့ချနေခြင်း သည် တာဝန်မဲ့သည့် ကျင့်ဝတ်စောင့်စည်းမှု မရှိသော ဆောင်ရွက်မှုသာ ဖြစ်ကြောင်း ၊ လတ်တလော ရက်ပိုင်း အတွင်း အမေရိကန် နိုင်ငံ မှ ပညာရှင်များ ပါဝင်သည့် WHO ပညာရှင် အဖွဲ့ က တရုတ် နိုင်ငံ သို့ ရက်ပေါင်း ၉ ရက် ကြာ လေ့လာစစ်ဆေးမှု များ လာရောက် ပြုလုပ် ခဲ့ပြီး တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်း နှင့် ပတ်သက်၍ သတင်း အချက်အလက်များ ပွင်းလင်းမြင်သာမှု အပေါ် လွန်စွာ ချီးမွမ်းခဲ့ကြကြောင်း ၊ အမေရိကန် နိုင်ငံ ၏ ကပ်ရောဂါ နှင့် ပတ်သက်၍ သတင်း အချက်အလက် များ ပွင့်လင်းမြင်သာမှု ရှိမရှိ အပေါ် ဝေဖန်သုံးသပ်မှု မပြုလုပ်လိုသော်လည်း အမေရိကန် နိုင်ငံ ၏ နိုင်ငံတကာ အသိုင်းအဝိုင်း မှ တရုတ် နိုင်ငံ အား ချီးမွမ်းမှု အား မျက်ကွယ် ပြုခြင်း သည် လွန်စွာ သိသာထင်ရှားကြောင်း ၊ တရုတ် နိုင်ငံ ပြည်သူလူထု တစ်ရပ်လုံး ၏ အားကောင်းသည့် ကာကွယ်ထိန်းချုပ်မှု နှင့် ကြီးမားသည့် ပေးဆပ်မှုကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း အတွက် ကပ်ရောဂါ တိုက်ဖျက်ရန် တန်းဖိုးကြီးမားသည့် အချိန် ရရှိစေခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ က တရုတ် နိုင်ငံ ၏ ကြိုးပမ်းအားထုတ်မှု ဖြင့် ရရှိခဲ့သော တန်ဖိုးကြီးမားသည့် အချိန် အား ကောင်းမွန် စွာ အသုံးချခြင်း ရှိမရှိ ကို ဝေဖန်သုံးသပ်မှု မပြုလုပ်လိုသော်လည်း အမေရိကန် နိုင်ငံ ပြည်သူလူထု နှင့် နိုင်ငံတကာအသိုင်းအဝိုင်း တို့ က သိရှိကြမည် ဟု ယူဆကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ကိန်းစွမ် က ကပ်ရောဂါ နှင့် ရင်ဆိုင်ချိန် တွင် အေးအတူပူအမျှ အတူတကွ အခက်အခဲ အား တိုက်ဖျက်ကြခြင်း မှာ နိုင်ငံတကာ အသိုင်းအဝိုင်း တွင် အားလုံးသိရှိလက်ခံထားကြသည့် အတူတကွ သဘောတူညီချက် နှင့် အခြေခံစည်းစနစ် ဖြစ်ကြောင်း ၊ ပြဿနာ အား ခေါင်းရှောင်ခြင်း နှင့် အကြောင်းမဲ့ ပြစ်တင်နေခြင်း က အပြုသဘော မဆောင်ဘဲ လူအများ ၏ လက်ခံမှု ကိုလည်း ရရှိနိုင်မည် မဟုတ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ အစိုးရ အရာရှိ အချို့ အား လက်တွေ့အခြေအနေ ကို လေးစားရန် ၊ နိုင်ငံတကာ သုံးသပ်မှု အား လေးစားရန် နှင့် သူတစ်ပါး အား တိုက်ခိုက်ပြစ်တင် နေမည့် အစား အချိန် အား ကပ်ရောဂါ တိုက်ဖျက်ရန် နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် အသုံးချသွားစေလိုကြောင်း ပြောကြား ခဲ့သည်။  (Xinhua)