Connect with us

Politics, Law & Military

တရုတ် နိုင်ငံ အနေဖြင့် ရောဂါ ကာကွယ်ရေး တိုးချဲ့ဆောင်ရွက်နေသည့် တစ်ချိန်တည်းမှာပင် အာဖရိက နိုင်ငံများ အပေါ်  အစွမ်းကုန် ကူညီပေး သွားမည် ဖြစ်ကြောင်း ထုတ်ပြန် 

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်(Geng Shuang) အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ပေကျင်း ၊ မတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်(Geng Shuang) က တရုတ် နိုင်ငံ အနေဖြင့် ကပ်ရောဂါ ကာကွယ်ရေး အား တိုးချဲ့ ဆောင်ရွက်နေသည့် တစ်ချိန်တည်းမှာပင်  အာဖရိက နိုင်ငံများ အပေါ် ကူညီထောက်ပံ့မှု ကိုလည်း အစွမ်းကုန် ဆောင်ရွက်သွားကာ ဒေသတွင်း နှင့် ကမ္ဘာ့ အများပြည်သူ ကျန်းမာရေး လုံခြုံမှု အတွက် ဆောင်ရွက်ပေးသွားလိုကြောင်း မတ်လ ၁၀ ရက် ၌ ပြောကြား ခဲ့သည်။

ကိန်းစွမ် က တရုတ် နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု တို့ သည် COVID-19 ရောဂါ ဖြစ်ပွားချိန် မှ စတင်၍ ကပ်ရောဂါ အား အစွမ်းကုန် တိုက်ဖျက်ခဲ့ကြကြောင်း ၊ လက်ရှိချိန်တွင် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း က ကောင်းမွန်သည့် အောင်မြင်မှုများ ကို ရရှိခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကပ်ရောဂါအား တိုက်ဖျက်စဉ် အတွင်း အာဖရိက နိုင်ငံ နှင့် ပြည်သူလူထု တို့ သည် တရုတ် နိုင်ငံ နှင့် ခိုင်မြဲစွာ အတူတကွ ရပ်တည်ခဲ့ပြီး နည်းလမ်းမျိုးစုံဖြင့် ကူညီထောက်ပံ့မှုများ ကို ဆောင်ရွက်ပေး ခဲ့ကြောင်း ၊ တရုတ်  နိုင်ငံ နှင့် သံတမန် ဆက်ဆံရေး တည်ရှိသည့် အာဖရိက နိုင်ငံများ ၏ ခေါင်ဆောင် အားလုံးနီးပါး တရုတ် နိုင်ငံ သို့ ဖုန်းဖြင့်သော်လည်းကောင်း ၊ စာဖြင့် သော်လည်းကောင်း အားပေးထောက်ခံမှုများ ကို ပြုလုပ်ခဲ့ကြကြောင်း ၊ အာဖရိက တိုက် တွင် ကျင်းပ ပြုလုပ်ခဲ့သည့် အစည်းအဝေး အသီးသီး တွင်လည်း တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး ၌ ဆောင်ရွက်ခဲ့သည့် ကြိုးပမ်းအားထုတ်မှု အပေါ် ချီးမွမ်းဂုဏ်ပြုခဲ့ကြကြောင်း ၊ တရုတ် နိုင်ငံ မှ ဝမ်းသာပီတိ ဖြစ်ခဲ့ရသည် မှာ အာဖရိကတိုက် ရှိ နိုင်ငံ အချို့ အနေဖြင့် ကိုယ်ပိုင် အခြေအနေ အကန့်အသတ် ရှိသော်လည်း တရုတ် နိုင်ငံ အား ငွေကြေး နှင့် ထောက်ပံ့ရေး ပစ္စည်းများ ကို ပေးအပ် ကူညီခြင်းကြောင့် ဖြစ်ကြောင်း ၊ ယင်းဆောင်ရွက်မှုများ က တရုတ်-အာဖရိက အေးအတူ ပူအမျှ အပြန်အလှန် ကူညီထောက်ပံ့သည် ညီအကို သံယောဇဉ် ကို ပေါ်လွင်စေခဲ့ပြီး တရုတ်-အာဖရိက ပိုမို နီးကပ်သည့် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး ၏ လက်တွေ့ ဆောင်ရွက်မှုပင် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ကိန်းစွမ် က လက်ရှိချိန်တွင် အာဖရိက နိုင်ငံ များ က ကပ်ရောဂါ ဝင်ရောက် နိုင်သည့် အန္တရာယ် အား မြင့်မားစွာ ကြုံတွေ့နေရပြီး နိုင်ငံအများအပြား တွင်လည်း ရောဂါ အတည်ပြု တွေ့ရှိ မှု များစွာ ဖြစ်ပွား ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အာဖရိက နိုင်ငံ များနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့ပြီး အစွမ်းကုန် ကူညီထောက်ပံ့မှုများ ကို ဆောင်ရွက်ပေးသွား လိုကြောင်း ပြောကြား ခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.