Connect with us

Politics, Law & Military

တောင်တရုတ်ပင်လယ်အရေးအခင်းနှင့်ပတ်သက်၍ချဲ့ကားပြောဆိုခြင်းမပြုရန် တရုတ်အစိုးရမျှော်လင့်ဟုပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဟုန်လေ အားတွေ့ရစဉ်။(ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီလ ၂၈ ရက် (ဆင်ဟွာ)

တရုတ်အစိုးရကအမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးတစ်ဦး၏တောင်တရုတ်ပင်လယ်နှင့်ပတ်သက်သောပြောဆိုချက်ကိုတုံ့ပြန်ပြောဆိုခဲ့ပြီးအမေရိကန်အစိုးရအနေဖြင့်ပြသနာကိုပိုမိုချဲ့ကားခြင်းမပြုရန်တိုက်တွန်းခဲ့သည်။

ဖေဖော်ဝါရီလ ၂၅ ရက်တွင်အမေရိကန်ရေတပ်၏ပစိဖိတ်ဒေသတပ်မှုူးရေတပ်ဗိုလ်ချုပ်ကြီးဟယ်ရီဟာလိစ်ကတရုတ်နိုင်ငံအနေဖြင့်တောင်တရုတ်ပင်လယ်အားလေကြောင်းရန်ကာကွယ်ရေးဇုံအဖြစ်ကြေညာလာမည်ကို၌၎င်းအနေဖြင့်စိုးရွံ့မိကြောင်း ပြောကြားခဲ့မိသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဟုန်လေက အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး ဟာလိစ်အနေဖြင့် တောင်တရုတ်ပင်လယ်အရေးအခင်းနှင့်ပတ်သက်ပြီး ဝေဖန်မှုများမကြာခဏပြုလုပ်နေသည်ကိုသတိထားမိကြောင်း၊၎င်းအနေဖြင့် အမေရိကန်ကွန်ဂရက်တွင်ရော ကာကွယ်ရေးဌာနတွင်ပါ တောင်တရုတ်ပင်လယ်အရေးအခင်းနှင့်ပတ်သက်ပြီး မကြာခဏ ဝေဖန်မူများ ပြုလုပ်ခဲ့ကြောင်း ၊ဤသို့ပြုလုပ်ခြင်းဖြင့်တရုတ်အစိုးရ၏တောင်တရုတ်ပင်လယ်တွင် တရားနည်းလမ်းကျသောဆေင်ရွက်ချက်များအပေါ် အမြင်လွဲမှားအောင်ပြုလုပ်ပြီး အမေရိကန်ရေတပ်ကဒေသတွင်လွှမ်းမိုးနိုင်အောင် ကြိုးစားနေကြောင်းပြောကြားသွားခဲ့သည်။ ဟုန်လေက တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်ပြသနာကို ပိုမိုကြီးမားအောင် အဆိုပါအရာရှိက ချဲ့ကားပြောကြားနေခြင်းကို ရပ်တန့်လိမ့်မည်ဟုမျှော်လင့်ကြောင်း၊ အဖြစ်မှန်သည်အမှန်အတိုင်းသာတည်ရှိလိမ့်မည်ဖြစ်ကြောင်းဖေဖော်ဝါရီလ ၂၆ ရက်တွင်ပြောကြားသွားခဲ့သည်။

ထို့အပြင်ဟုန်လေက တရုတ်အစိုးရအနေဖြင့် တောင်တရုတ်ပင်လယ်တွင် အကြောင်းအကျိုးခိုင်မာပြီးသင့်တော်သောနည်းလမ်းအတိုင်းကာကွယ်ရေးအဆောက်အအုံများကို တပ်ချထားခြင်းသာဖြစ်ကြောင်း စစ်ရေးအသွင်ဆောင်ခြင်းလုံးဝမဟုတ်ကြောင်းပြောကြားခဲ့သည်။တောင်တရုတ်ပင်လယ်အတွင်းတွင်တရုတ်နိုင်ငံကတပ်ချထားသောကျွန်းများကိုဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ကလည်း ၎င်းတို့ပိုင်ဆိုင်ကြောင်းပြောကြားထားခဲ့ကြသည်။ထို့အပြင်တရုတ်အစိုးရက တောင်တရုတ်ပင်လယ်ဒေသတွင်လေကြောင်းရန်ကာကွယ်ရေးဇုံအဖြစ်သက်မှတ်ရန်မှာ အခြေအနေပေါ်တွင်မူတည်ကြောင်း၊ လက်ရှိတွင်မူ တောင်တရုတ်ပင်လယ်၏ ယေဘူယျအခြေအနေမှာတည်ငြိမ်နေကြောင်းဟုန်လေကပြောခဲ့သည်။

ဟုန်လေကတောင်တရုတ်ပင်လယ်အတွင်း တည်ငြိမ်အေးချမ်းမူ အခြေအနေကိုဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် အမေရိကန်အစိုးရအနေဖြင့် ပြသနာကို ပိုမိုကြီးမားအောင် ချဲ့ထွင်ပြောကြားချင်းများမပြုရန် နှင့်ဒေသအတွင်းလွှမ်းမိုးမူပြုနိုင်ရန် ကြိုးစားမှုများအားလက်လျှော့ရန်တရုတ်အစိုးရကမျှော်လင့်ပါကြောင်းပြောကြားသွားခဲ့သည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.