Connect with us

Politics, Law & Military

၂၀၁၆ ခုနှစ် ကာကွယ်ရေး ဘတ်ဂျက် ၇ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်း အထိ တရုတ် နိုင်ငံ တိုးမြှင့်မည်

တရုတ်နိုင်ငံ အမျိုးသား ကွန်ဂရက် လွှတ်တော်၏ နှစ်ပတ်လည် အစည်းအဝေး ပြောရေး ဆိုခွင့်ရှိသူ ဖူရင်း (Fu Ying) အား သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ယခု ဘဏ္ဍာနှစ်တွင် ကာကွယ်ရေး ဘတ်ဂျက်အား ၇ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်း ဝန်းကျင် တိုးမြှင့်ရန် ရှိကြောင်းနှင့် ၎င်းက ခြောက်နှစ်တာ အတွက် အနှေးကွေးဆုံး တိုးမြှင့်မှု ဖြစ်နိုင်ဖွယ် ရှိကြောင်း တရုတ် နိုင်ငံ ၁၂ ကြိမ်မြောက် အမျိုးသား ကွန်ဂရက် လွှတ်တော်၏ လေးကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ပြောရေးဆိုခွင့်ရှိသူ ဖူရင်း (Fu Ying) က ပြောသည်။

အဆိုပါ ဘတ်ဂျက် အစီရင်ခံစာ အသေးစိတ်အား အစည်းအဝေးတွင် ထုတ်ပြန်ရန် ရှိကြောင်း ဖူက သတင်းစာ ရှင်းလင်ပွဲ၌ ပြောကြားခဲ့သည်။ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံ၏ ကာကွယ်ရေး ဘတ်ဂျက်အား ၁၀.၁ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့သည်။

တရုတ်နိုင်ငံ၏ အမျိုးသား ကာကွယ်ရေးနှင့် ဘဏ္ဍာငွေဆိုင်ရာ အခွန် ရရှိမှုများနှင့်အညီ ထိုသို့ တိုးမြှင့်ရခြင်း ဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။

၂၀၁၅ ခုနှစ်တွင် တရုတ် နိုင်ငံ စီးပွားရေးသည် ၆.၉ ရာခိုင်နှုန်း တိုးချဲ့နိုင်ခဲ့ကာ ရာစုနှစ် လေးပုံ တစ်ပုံအတွင်း အနှေး ကွေးဆုံး ဖြစ်ခဲ့ပြီး အိမ်ခြံမြေ ဈေးကွက် အကျဘက်သို့ ရောက်နေခြင်း၊ ကုန်သွယ်မှု ကျဆင်းခြင်းနှင့် စက်မှုလုပ် ငန်းမှာလည်း အားပျော့လာခဲ့သည်။

အစိုးရ၏ ဂျီဒီပီ ရည်မှန်းချက်အား တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မတ်လ ၅ ရက်တွင် အစည်းအဝေး၌ ထုတ် ဖော်ပြောကြားရန် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.