Connect with us

Politics, Law & Military

ရုရှားနိုင်ငံသမ္မတပူတင်၏ ကိုယ်ရေးအကျဉ်း

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်သည် ဇွန်လ ၈ ရက် မှ ၁ဝ ရက်အထိ ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) ၏ ၁၈ ကြိမ်မြောက် နိုင်ငံ့ခေါင်းဆောင်များ ထိပ်သီးအစည်းအဝးတက်ရောက်ရန် တရုတ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးလာရောက်မည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ ရုရှားသမ္မတ၏ ကိုယ်ရေးရာဇဝင်အကျဉ်းကို ရေးသားဖော်ပြလိုက်ရပေသည်။

ပူတင်ကို ၁၉၅၂ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် လီနင်ဂရက်မြို့( ယခုအခါ စိန့်ပီတာစပတ်မြို့)၌ မွေးဖွားခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် Leningrad State တက္ကသိုလ်မှ ဥပဒေဘာသာရပ် အထူးပြုဖြင့် ဘွဲ့ရရှိခဲ့သည်။၎င်းသည် ယခင်ဆိုဗီယက်ယူနီယံ၏ နိုင်ငံတော်လုံခြုံရေးကော်မတီဖြစ်သည့် ကေဂျီဘီ(KGB) ထောက်လှမ်းရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

၎င်းသည် ၁၉၈၅ ခုနှစ် မှ ၁၉၉၀ ပြည့်နှစ်အထိ အရှေ့ဂျာမနီတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉ဝ ပြည့်နှစ်တွင် ဆိုဗီယက်ယူနီယံသို့ပြန်လာခဲ့ပြီး လီနင်ဂရက်တက္ကသိုလ် ပါမောက္ခချုပ် Anatoly Sobchak ၏ လက်ထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။

ပူတင်သည် ၁၉၉၁ ခုနှစ်တွင် စိန့်ပီတာစပတ်မြို့တော်ခန်းမ၌ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။၁၉၉၄ ခုနှစ်မှ စတင်ကာ ဒုတိယမြို့တော်ဝန်အဖြစ် ပူးတွဲ ဆောင်ရွက်ခဲ့သည်။

၁၉၉၆ ခုနှစ် သြဂုတ်တွင် သမ္မတနန်းတော်ပိုင်ဆိုင်မှုစီမံခန့်ခွဲရေးညွှန်ကြားမှုအဖွဲ့တွင် ဒုတိယအကြီးအကဲအဖြစ် ခန့်အပ်ခံရပြီး ယင်းနောက်တွင် သမ္မတရုံးအဖွဲ့ဒုတိယအကြီးအကဲ နှင့် ၁၉၉၇ ခုနှစ်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့အကြီးအကဲ အဖြစ် ခန့်အပ်ခံခဲ့ရသည်။

၁၉၉၈ ခုနှစ် မေလတွင် သမ္မတရုံးပထမဒုတိယအကြီးအကဲ ဖြစ်လာသည်။ ယင်းနှစ်ဇူလိုင်လတွင် ရုရှားနိုင်ငံသမ္မတ ဘောရစ်ယဲလ်ဆင်က ပူတင်အား KGB အဖွဲ့ကို ဆက်ခံသော ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးအဖွဲ့(FSB) ညွှန်ကြားရေးမှူးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။

၁၉၉၉ ခုနှစ် မတ်လတွင် FSB အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ပူတင်သည် ရုရှားနိုင်ငံတော်လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူးအဖြစ် ခန့်အပ်ခံရသည်။ ၁၉၉၉ ခုနှစ် သြဂုတ်လတွင် ယဲလ်ဆင်က ပူတင်အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ယဲလ်ဆင် နုတ်ထွက်သွားပြီးနောက် ပူတင်သည် ရုရှားနိုင်ငံ၏ ယာယီသမ္မတ ဖြစ်လာခဲ့သည်။

၂ဝဝဝ ပြည့်နှစ် မတ်လတွင် ပူတင်သည် ရုရှားနိုင်ငံသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရပြီး ၂ဝဝ၄ ခုနှစ်တွင် ဒုတိယသက်တမ်းအတွက် ပြန်လည်အရွေးခံခဲ့ရသည်။ ၂ဝဝ၈ ခုနှစ်တွင် ပူတင်သည် ရုရှားနိုင်ငံဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂ဝ၁၂ ခုနှစ်တွင် ပူတင်သည် ရုရှားသမ္မတအဖြစ်တစ်ဖန် ပြန်လည်တာဝန်ယူခဲ့သည်။ ၎င်းသည် ၂ဝ၁၈ ခုနှစ် မတ်လတွင် သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရပြီး မေလ ၇ ရက်တွင် သမ္မတတာဝန် ပြန်လည်ထမ်းဆောင်ခဲ့သည်။

ပူတင်သည် ရုရှားနိုင်ငံသမ္မတအဖြစ် နှစ်နိုင်ငံဆက်ဆံရေးဆွေးနွေးပွဲများတက်ရောက်ရန် နှင့် နိုင်ငံတော်ခရီးစဉ်အဖြစ် လည်ပတ်ရန် တရုတ်နိုင်ငံသို့၁၅ ကြိမ်တိတိ လာရောက်ခဲ့ပြီး ရုရှားနိုင်ငံဝန်ကြီးချုပ်အဖြစ် သုံး ကြိမ်လာရောက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.