Connect with us

Politics, Law & Military

SCO အဖွဲ့ဝင်များသည် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို တွန်းလှန်၍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မည်

၁၇ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ချင်းသောင်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တာဝန်ရှိသူတစ်ဦး က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင် နိုင်ငံများသည် အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး၊ နယ်စပ်ဖြတ်ကျော် ဒုစရိုက်ဂိုဏ်းများ ဖွဲ့စည်းမှု နှင့် သတင်းအချက်အလက်လုံခြုံရေး ခြိမ်းခြောက်မှု အစရှိသော စိန်ခေါ်မှုများကို ရင်ဆိုင်၍ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ဇွန် ၈ ရက်ကပြောကြားခဲ့သည်။

SCO အဖွဲ့သည် အဆိုပါ စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းရန် အရေးယူဆောင်ရွက်မှုများကို ရေးဆွဲနေကြောင်း အများပြည်သူ လုံခြုံရေးဝန်ကြီးဌာန ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဌာန အကြီးအကဲ လောင်ကျင်ယုံ က ချင်သောင်မြို့၌ ဇွန် ၉ ရက် နှင့် ၁၀ ရက်တွင်ပြုလုပ်မည့် ၁၈ကြိမ်မြောက် SCO ထိပ်သီးအစည်းအဝေး မတိုင်မီပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။

၎င်း က SCO၏ ရင်ဆိုင်မှုများတွင် အကြမ်းဖက်မှုသည် အဆိုးရွားဆုံးသော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်များအတွင်း SCO အဖွဲ့ဝင်နိုင်ငံများ ချိတ်ဆက်၍ အကြမ်းဖက်တိုက်ခိုက်မှုများအား တားဆီးခြင်း နှင့် နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းအဖွဲ့ဝင်များကို ဖမ်းဆီး ရာတွင် အောင်မြင်မှုများရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)