Connect with us

Politics, Law & Military

လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း ကို တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ် နိုင်ငံ သမ္မတ ပြောကြား

၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ အမျိုးသား ညီလာခံ ကျင်းပနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်ကွန်မြူနစ် ပါတီ သည် တရုတ် နိုင်ငံ ပြည်သူလူထု တို့၏ အကျိုးစီးပွား ဖြစ်ထွန်းရေး အတွက် ဆောင်ရွက်ပေးသည့် ပါတီ ဖြစ်ပြီး လူသား အားလုံး၏ အကျိုးစီးပွား ဖြစ်ထွန်းရေး အား ကြိုပန်းဆောင်ရွက်ခြင်းမှာလည်း တရုတ်ကွန်မြူနစ် ပါတီ ၏ ပေးဆပ်ဆောင်ရွက်မှု တာဝန် ဖြစ်ကြောင်း အောက်တိုဘာ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ အမျိုးသား ညီလာခံ တွင် ပြောကြား ခဲ့သည်။

ရှီကျင့်ဖိန် က တရုတ် နိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေး ၊ ဖွံ့ဖြိုးတိုးတက်ရေး ၊ ပူးပေါင်းဆောင်ရွက်ရေး နှင့် နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းရေး ကို လွန်စွာအလေးထားပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ကို ထိန်းသိမ်းကာ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး ဟူသည့် မူဝါဒ ကို ဆုတ်ကိုင်ထားကြောင်း ၊ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်ကို အခြေခံ၍ နိုင်ငံ အသီးသီး နှင့် ချစ်ကြည်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပြီး အပြန်အလှန်လေးစားသည့် ၊ တရားမျှတသည့် ၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် ခေတ်သစ် နိုင်ငံတကာ ဆက်ဆံရေး ကို တွန်းအားပေး တည်ဆောက်ခဲ့ကြောင်း ပြေကြား ခဲ့သည်။

ရှီကျင့်ဖိန် က လက်ရှိကမ္ဘာတွင် ကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှု နှင့် ပြုပြင်ပြောင်းလဲမှု များ ဖြစ်ပွားနေသည့် အချိန်ကာလ ဖြစ်ပြီး ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး သည်လည်း မျက်မှောက်ခေတ်ကာလ အဓိက အကြောင်းအရာ ဖြစ်ကြောင်း ၊ တစ်ချိန်တည်းတွင် လူသားမျိုးနွယ် တစ်ခုလုံးအနေဖြင့် တူညီသည့် စိန်ခေါ်မှုများစွာ ကို အတူတကွ ရင်ဆိုင်နေရပြီး မည်သည့် နိုင်ငံတစ်နိုင်ငံ မှ သီးခြား ရင်ဆိုင်သွားနိုင်မည် မဟုတ်ဘဲ ခေတ်ဟောင်း တံခါးပိတ် ဝါဒ သို့လည်း ပြန်လည် လျှောက်လှမ်း နိုင်မည် မဟုတ်ကြောင်း ၊ နိုင်ငံအသီးသီး မှ ပြည်သူလူထု များ အတူတကွ ပူးပေါင်းကာ လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း ကို တည်ဆောက်ပြီး ရေရှည် ငြိမ်းချမ်းသော ၊ လုံခြုံသော ၊ စည်ပင်ဝပြောသော ၊ သည်းခံခွင့်လွတ်ပေးနိုင်သော ၊ သန့်ရှင်းသာယာလှပသော ကမ္ဘာကြီးအား တည်ဆောက်သွားရန် တိုက်တွန်းကြောင်း ၊ ကမ္ဘာ့နိုင်ငံ အသီးသီး မှ ယဉ်ကျေးမှု များကို လေးစားပြီး ချစ်ကြည်ရင်းနှီးသည့် ပတ်ဝန်းကျင်ကို တည်ဆောက်ကာ ကမ္ဘာ့ဥယာဉ်ကြီး ကို ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် ရှီကျင့်ဖိန် က တရုတ် နိုင်ငံ အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု အမြင် ကို အမြဲ မျှဝေညှိနှိုင်းမှု များ ခိုင်မြဲစွာ ပြုလုပ်ခဲ့ပြီး နိုင်ငံတကာ ဆက်ဆံရေး ဒီမိုကရေစီသဘောသဘာဝ ကို အမြဲ ဖော်ဆောင်ခဲ့ကာ နိုင်ငံကြီးငယ်မရွေး တန်းတူဆက်ဆံရေး ထားရှိခဲ့ကြောင်း ၊ ကုလသမဂ္ဂ နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံ များ၏ နိုင်ငံတကာ စင်မြင့်တွင် ပြောဆိုခွင့်ရရှိရေး ကို ထောက်ခံအားပေးခဲ့ပြီး နိုင်ငံကြီး တစ်နိုင်ငံတစ်နိုင်ငံ၏ တာဝန်ယူမှုများကို ဆောင်ရွက်ပေး ခဲ့ကြောင်း ၊ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး တရုတ် နိုင်ငံ ၏ အသိပညာများဖြင့် ပေးဆပ် ဆောင်ရွက်ခဲ့ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.