Connect with us

Politics, Law & Military

အမေရိကန် နှင့် ထိုင်ဝမ် အကြား ဆက်သွယ်သွားလာမှု ပြုလုပ်ခြင်း ကို ခိုင်မာစွာ ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကျန်းမာရေး နှင့် အများပြည်သူ ဝန်ဆောင်မှု ဝန်ကြီးဌာန ဝန်ကြီး Alex Azar သည် လာမည့် ရက်ပိုင်း အတွင်း ကိုယ်စားလှယ် အဖွဲ့တစ်ခု ဖြင့် ထိုင်ဝမ် သို့ သွားရောက်မည့် ကိစ္စရပ် အပေါ် တရုတ်နိုင်ငံ အနေဖြင့် အမေရိကန် နှင့် ထိုင်ဝမ် အကြား အရာရှိ အဆင့် အပြန်အလှန် ဆက်သွယ်သွားလာမှု ကို ခိုင်မာစွာ ဆန့်ကျင် ပြီး ယင်းရပ်တည်မှုသည်လည်း အစဉ်အမြဲ ရှင်းလင်းပြတ်သားကြောင်း ၊ ယင်း ကိစ္စရပ် နှင့် ပတ်သက်၍ အမေရိကန် နိုင်ငံ အား အလေးအနက် အကြောင်းကြား  ထားကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း က သြဂုတ် ၅ ရက် တွင် ပြောကြား ခဲ့သည်။

ဝမ်းဝန်ပင်း က ထိုင်ဝမ် ကိစ္စရပ်သည် တရုတ်-အမေရိကန် ဆက်ဆံရေး ၏ အရေးကြီးဆုံးသော ထိလွယ်ရှလွယ်သော ကိစ္စရပ် ဖြစ်ကြောင်း ၊ တရုတ် တစ်နိုင်ငံတည်း မူဝါဒ သည် တရုတ်-အမေရိကန် ဆက်ဆံရေး ၏ အခြေခံဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် အမေရိကန်နိုင်ငံ မှ တရုတ် တစ်နိုင်ငံတည်း မူဝါဒ နှင့် တရုတ်-အမေရိကန် ပူးတွဲ ကြေညာချက် ၃ ခု ကို တိကျစွာ လိုက်နာသွားရန် တိုက်တွန်းလိုကြောင်း ၊ အမေရိကန်-ထိုင်ဝမ် အရာရှိကြား အပြန်အလှန် ဆက်သွယ် သွားလာမှု ပုံစံ အားလုံး ရပ်ဆိုင်းရန် တိုက်တွန်းကြောင်း ၊ ထိုင်ဝမ် နှင့် ပတ်သက်သော ကိစ္စရပ် များ အား ဂရုတစိုက် ကိုင်တွယ်ပြီး ထိုင်ဝမ် ခွဲထွက်ရေး အင်းအားစုများ အတွက် မှားယွင်းသော အသိပေးချက်များ မဖြစ်ပွား စေလိုကြောင်း ၊ တရုတ်-အမေရိကန် ဆက်ဆံရေး နှင့် ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချက်မှု ပျက်ပြားစေခြင်း ကို ရှောင်ရှားသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်းဝန်ပင်း က တရုတ် တစ်နိုင်ငံတည်းမူဝါဒ သည် နိုင်ငံတကာ အသိုင်းအဝိုင်း က လက်ခံထားသည့် မူဝါဒ ဖြစ်ကြောင်း ၊ ယင်းမူဝါဒ အား မျက်ကွယ်ပြုခြင်း ၊ ငြင်းဆိုခြင်း နှင့် စိန်ခေါ်ခြင်း တို့သည် နောက်ဆုံးတွင် အရှုံးဖြင့်သာ ရင်ဆိုင်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)