Connect with us

Politics, Law & Military

ဥဇဘက်ကစ္စတန် နိုင်ငံ သမ္မတ နှင့် တရုတ် နိုင်ငံ ကာကွယ်ရေး ဝန်ကြီး တွေ့ဆုံဆွေးနွေးမှု ပြုလုပ်

ဥဇဘက်ကစ္စတန် နိုင်ငံ သမ္မတ Shavkat Mirziyoyev နှင့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ကာကွယ်ရေး ဝန်ကြီး ချန်ဝမ့်ချွမ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်စဉ်(ဆင်ဟွာ)

တက်ရှ်ခန့် ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ဥဇဘက်ကစ္စတန် နိုင်ငံ သမ္မတ Shavkat Mirziyoyev က ဒီဇင်ဘာ ၂၀ ရက်နေ့ ညနေပိုင်း အချိန်တွင် လည်ပတ်ရေး ခရီးစဉ်အဖြစ် ရောက်ရှိနေသည့် တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ ကာကွယ်ရေး ဝန်ကြီး ချန်ဝမ့်ချွမ် ကို သမ္မတရုံး ၌ လက်ခံတွေ့ဆုံ ခဲ့ပြီး ဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း Shavkat Mirziyoyev က တရုတ် နိုင်ငံ သည် ဥဇဘက်ကစ္စတန် နိုင်ငံ ၏ ရင်းနှီးသည့် ယုံကြည်ရသော မိတ်ဆွေသူငယ်ချင်း နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း ၊ ဥဇဘက်ကစ္စတန် နိုင်ငံ အနေဖြင့် တရုတ် တစ်နိုင်ငံတည်း မူဝါဒ ကို ခိုင်မြဲစွာ လက်ခံထားပြီး တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဖော်ဆောင်ခဲ့သည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုကိုလည်း ခိုင်မြဲစွာ ထောက်ခံအားပေးကြောင်း ၊ တရုတ် နိုင်ငံ နှင့် အတူတကွ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်သွားပြီး နှစ်နိုင်ငံ ပြည်သူလူထု ကို အကျိုးဖြစ်ထွန်းစေကာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ကို ထိန်းသိမ်းသွား လိုကြောင်း ပြောကြား ခဲ့သည်။

ချမ်ဝမ့်ချွမ် က တရုတ်-ဥဇဘက်ကစ္စတန် နှစ်နိုင်ငံ တွင် ရှည်လျားသည့် ချစ်ကြည်ဆက်ဆံရေး တည်ရှိပြီး ယခုနှစ်သည် သံတမန် ဆက်ဆံရေး တည်ထောင်ခဲ့သည်မှာ ၂၅ နှစ်ရှိပြီ ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ခေါင်းဆောင် တို့၏ ဦးဆောင်မှုဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး မှာ ခေတ်သစ် အခြေအနေ တစ်ခုသို့ ဖွံ့ဖြိုးတိုးတက်လာကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဥဇဘက်ကစ္စတန် နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ ခေါင်းဆောင် တို့ ထားရှိခဲ့သည့် သဘောတူညီမှု များကို လက်တွေ့ အကောင်အထည် ဖော်သွားပြီး နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ကို ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်ကာ တရုတ်-ဥဇဘက်ကစ္စတန် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး ကို ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.