Connect with us

Politics, Law & Military

CPC အကြီးတန်း အရာရှိ ရုရှားသွားမည်

တရုတ် ကွန်မြူနစ်ပါတီ (CPC) အကြီးတန်း အရာရှိ လီကျန်ရှုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

တရုတ် ကွန်မြူနစ်ပါတီ (CPC) အကြီးတန်း အရာရှိ လီကျန်ရှုသည် ဧပြီလ ၂၅ ရက်မှ ၂၇ ရက်အထိ ရုရှားနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်က ဧပြီလ ၁၈ ရက်က ပြောသည်။

CPC ဗဟိုကော်မတီ နိုင်ငံရေး ဗျူရို အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ အထွေထွေ ရုံး ညွှန်ကြားရေးမှူး လီသည် ရုရှားနိုင်ငံ သမ္မတရုံးဆိုင်ရာ အုပ်ချုပ်ရေးမှူး အကြီးအကဲ အန်တွန် ဗိုင်နိုနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း လုက ပြောသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များအကြား စေ့စပ် ညှိနှိုင်းမှုများ ပိုမိုကောင်းမွန်လာစေရေး၊ နှစ်နိုင်ငံ ခေါင်းဆောင်များ သဘောတူချက်များအား အကောင်အထည်ဖော်ဆောင်ရေး စသည့် အကြောင်းအရာများ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရုရှား ခရီးစဉ်အတွင်း လီသည် ရုရှား ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံသွားမည် ဖြစ်သည်။

“ဒီခရီးစဉ်ဟာ နှစ်နိုင်ငံအကြား နိုင်ငံရေးနဲ့ အပြန်အလှန် ယုံကြည်မှု ပိုပြီး တိုးပွားစေနိုင်သလို နှစ်နိုင်ငံ ဆက်ဆံရေးအတွက် တွန်းအားသစ်လဲ ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်” ဟု လုက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.