Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် လျိုယန်တုန်း က တူရကီ နိုင်ငံ သို့ ချစ်ကြည်လည်ပတ်ရေး ခရီးစဉ် သွားရောက်

တရုတ် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် လျိုယန်တုန်း နှင့် တူရကီ နိုင်ငံ သမ္မတ Erdogan တွေ့ဆုံ ခဲ့စဉ်(ဆင်ဟွာ)

အန်ကာရာ ၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် လျိုယျန်တုန်း (Liu Yandong) ၏ တူရကီ နိုင်ငံ သို့ သွားရောက်လည်ပတ်စဉ် အတွင်း ဧပြီလ ၁၈ ရက်နေ့တွင် တူရကီ နိုင်ငံ သမ္မတ Erdogan နှင့် တူရကီ နိုင်ငံ ဝန်ကြီးချုပ် Yıldırım တို့မှ အန်ကာရာမြို့တွင် အသီးသီး တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း တူရကီ နိုင်ငံ သမ္မတ Erdogan က ယခု နှစ်ပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး နှစ်နိုင်ငံ မိတ်ဆွေပူးပေါင်းဆက်ဆံရေး ကို တိုးမြှင့် နိုင်ခဲ့ကြောင်း ၊ မိမိအနေဖြင့် လာမည့် မတ်လ တွင် တရုတ် နိုင်ငံ ၌ ကျင်းပပြုလုပ်မည့် ခေတ်သစ်ပိုးလမ်းမကြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေး ကိုတက်ရောက်ရန် နှင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ထပ်မံ တွေ့ဆုံသွားရန် တို့အား လွန်စွာ မျှော်လင့်အလေးထားကြောင်း ၊ တူရကီ-တရုတ် နှစ်နိုင်ငံ မဟာဗျူဟာ ချိတ်ဆက်မှု တိုးမြှင့်ဆောင်ရွက်ခြင်း နှင့် ကဏ္ဍစုံ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် ဒေသတွင်း နှင့် ကမ္ဘာလုံးဆိုင်ရာ အကျိုးရလဒ်များကို ရရှိစေမည် ဖြစ်ကြောင်း ၊ အပြန်အလှန် ကုန်သွယ်မှု ကို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားပြီး တရုတ် နိုင်ငံ မှ တူရကီ နိုင်ငံ သို့လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ကို ဖိတ်ခေါ်ကြောင်း ၊ တူရကီ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အကြမ်းဖက်မှု နှိမ်နင်းရေး တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် သွားလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် လျိုယန်တုန်း နှင့် တူရကီ နိုင်ငံ ဝန်ကြီးချုပ် Yıldırım တွေ့ဆုံ ခဲ့စဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် လျိုယန်တုန်း နှင့် တူရကီ နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Simsek တို့အား ရှီကျင့်ဖိန်၏ အုပ်ချုပ်မှုဆိုင်ရာ စာအုပ် ထုတ်ဝေခြင်း အခမ်းအနား တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

တူရကီ နိုင်ငံ ဝန်ကြီးချုပ် Yıldırım က တူရကီ-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု သည် ကောင်းမွန်သည့် အခြေအနေ တွင် ရှိနေပြီး တူရကီ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ဆက်ဆံရေး ကို လွန်စွာ အလေးထား ကြောင်း ၊ တူရကီ နိုင်ငံ သမ္မတ ၏ ခေတ်သစ်ပိုးလမ်းမကြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေး ကို တက်ရောက်ခြင်းသည် နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ကို တွန်းအားပေး စေမည်ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ကို လည်း ပိုမို မြင့်မား သည့် အဆင့်သို့ ရောက်ရှိ စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

လျိုယျန်တုန်း က တူရကီ နိုင်ငံ သမ္မတ အား ခေတ်သစ်ပိုးလမ်းမကြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေး ကို တက်ရောက်ရန် ဖိတ်ခေါ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် တူရကီ နိုင်ငံ နှင့် ဆက်ဆံရေး ကို လွန်စွာ အလေးထား ပြီး နှစ်နိုင်ငံ ကဏ္ဍစုံ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင် သွားလိုကြောင်း ၊ မဟာဗျူဟာ ချိတ်ဆက်မှု ကို တိုးမြှင့်သွားပြီး ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှု ကို တွန်းအားပေးကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အဆင့်အတန်းကို အတူတကွ မြှင့်တင်သွားလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် တူရကီ နိုင်ငံ နှင့် အတူတကွ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင် သွားပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည်ရေး နှင့် နားလည်မှု ကို တိုးမြှင့်သွားလိုကြောင်း ပြောကြား ခဲ့သည်။

တူရကီ နိုင်ငံ သို့လည်ပတ်ရေး ခရီးစဉ် အတွင်း လျိုယျန်တုန်း က တူရကီ နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Turkes နှင့် တွေ့ဆုံကာ လူမှုရေး နှင့် ယဉ်ကျေးမှု ဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးခဲ့ပြီး တူရကီ နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Simsek နှင့်အတူတကွ တူရကီ ဘာသာစကား ဖြင့် ထုတ်ဝေသည့် ရှီကျင့်ဖိန်၏ အုပ်ချုပ်မှုဆိုင်ရာ စာအုပ် “Xi Jinping: The Governance of China” စတင် ထုတ်ဝေ ခြင်း အခမ်းအနား ကိုလည်း တက်ရောက် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.