Connect with us

Politics, Law & Military

NPC အစည်းအဝေးတွင် အဆိုပြုချက် ၅၁၄ ခု တင်ပြခဲ့

၁၂ ကြိမ်မြောက် အမျိုးသား ပြည်သူ့ ကွန်ဂရက် (National People’s Congress= NPC) ၅ ကြိမ်မြောက် အစည်းအဝေး အထွေထွေ အတွင်းရေးမှူးရုံး ဝန်ထမ်းများ အလုပ်လုပ်ကိုင်နေပုံအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)

၁၂ ကြိမ်မြောက် အမျိုးသား ပြည်သူ့ ကွန်ဂရက် (National People’s Congress= NPC) ၅ ကြိမ်မြောက် အစည်းအဝေး အထွေထွေ အတွင်းရေးမှူးရုံးသို့ အဆိုပြုချက် ၅၁၄ ခုအား ကွန်ဂရက် ကိုယ်စားလှယ်များက တင်ပြခဲ့ကြောင်းတာဝန်ရှိသူ တစ်ဦးက မတ်လ ၁၀ ရက်က ပြောကြားခဲ့သည်။

အဆိုပါ အဆိုပြုချက်များတွင် ဥပဒေရေးရာ အဆိုပြုချက် ၄၉၂ ခု၊ NPC ကြီးကြပ်မှု ၁၆ ခုနှင့် အခြား ကိစ္စရပ် ၆ ခု ပါဝင်ကြောင်း အထွေထွေ အတွင်းရေးမှူးရုံး တာဝန်ရှိသူ Kong Ping ထံမှ သိရသည်။

ယင်း အဆိုပြုချက်အများစုတွင် အမျိုးသား ကြီးကြပ်မှု စနစ် ပြုပြင်ပြောင်းလဲမှု၊ ဥပဒေ စနစ် တိုးတက်မှု၊ ဆိုရှယ်လစ် ဒီမိုကရေစီ ဖွံ့ဖြိုးမှု၊ ယဉ်ကျေးမှု ကဏ္ဍ မြှင့်တင်မှု၊ လူမှု ဘဝနှင့် ဂေဟစနစ် ကာကွယ်မှု စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

အဆိုပြုချက်များ၏ ၆၈ ရာခိုင်နှုန်းမှာ စုံစမ်းစစ်ဆေးခြင်း၊ စုံစမ်းထောက်လှမ်းခြင်း သို့မဟုတ် တွေ့ဆုံမေးမြန်းခြင်း စသည်တို့အပေါ် အခြေခံကြောင်း Kong က ပြောသည်။

NPC ကိုယ်စားလှယ်များမှ တင်သွင်းသည့် အဆိုပြုချက်များအား အတည်ပြုနိုင်ခဲ့ပါက ဥပဒေအရ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ယခင်နှစ်က အဆိုပြုချက် ၄၆၂ ခု တင်သွင်းခဲ့ကြောင်း သိရသည်။

အထွေထွေ အတွင်းရေးမှူးရုံးအနေဖြင့် NPC ကိုယ်စားလှယ်များထံမှ အကြံပြုချက် ၈၃၆၀ အား လက်ခံ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.