Connect with us

Politics, Law & Military

တရုတ် နိုင်ငံ တွင် ကျင်းပ လျက်ရှိသော အစည်းအဝေး နှစ်ရပ် မှ ထင်ရှားသည့် ပြောဆို တင်ပြချက်များ(အပိုင်း၂)

၁၂ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသားကော်မတီ ၅ ကြိမ်မြောက်အစည်းအဝေး မြင်ကွင်း(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ တွင် ကျင်းပ ပြုလုပ် လျက်ရှိသော ၁၂ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသားကော်မတီ ၅ ကြိမ်မြောက်အစည်းအဝေး နှင့် ၁၂ကြိမ်မြောက် တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက်(NPC) ၅ ကြိမ်မြောက်အစည်းအဝေး တွင် ကိုယ်စားလှယ် အချို့ မှ ပြောကြားခဲ့သော ထင်ရှား သည့် မိန့်ခွန်းများအနက်မှ အချို့ကို ကောက်နှုတ်ဖော်ပြ အပ်ပါသည်။

CPPCC ကိုယ်စားလှယ် ဖန်ကျန့်ဝေ (Pan Jianwei) က “နည်းပညာမြင့်မားသော နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် ဝယ်ယူခြင်း နှင့် စောင့်စိုင်းခြင်းဖြင့် ရရှိနိုင်မည် မဟုတ်ဘဲ ကြိုးစားအားထုတ် ဆောင်ရွက်ခြင်း ဖြင့်သာ အကောင်အထည်ဖော်နိုင်မည်” ဟုပြောကြားခဲ့သည်။

NPC ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးချုပ် ထျန်ဝေ (Tian wei) က ” အချိန်ကို အထိရောက်ဆုံး နှင့် အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်လိုသည့် စိတ်ဖြင့် အခက်အခဲများကို ဖြေရှင်းပြီး တီထွင်ဆန်းသစ်မှု နှင့် အောင်မြင်မှုများကို ရရှိအောင်ဆောင်ရွက်ရမည်” ဟုပြောကြား ခဲ့သည်။

NPC ကိုယ်စားလှယ် ဒုံးကျည် တပ်ဖွဲ့ တပ်မှူး ထန်ဝေဟုန် (Tan Weihong) က ” အဓိက ကြသော နည်းပညာ များသည် ဝယ်ယူခြင်းမှ ရရှိနိုင်မည် မဟုတ်”ဟု ပြောကြား ခဲ့သည်။

NPC ကိုယ်စားလှယ် ကာကွယ်ရေးနည်ပညာ တက္ကသိုလ် ပါမောက္ခ ကျုံးရှင်းမင် (Zhou Xingming) က ” အရည်အသွေး မြင့်မားသည့် ပညာရှင်များဖြင့်သာ အဆင့်မြင့် နည်းပညာ တီထွင်မှုများကို ဆောင်ရွက်နိုင်မည်” ဟု ပြောကြား ခဲ့သည်။

NPC ကိုယ်စားလှယ် ချောင်သယ်ဝမ် (Cao Dewang) က “အခွန်များ လျှော့ပေါ့ပေးခြင်းဖြင့် အသေးစား စီးပွားရေးလုပ်ငန်းများမှ စီးပွားရေး တိုက်ပွဲတွင် ပါဝင်ဆင်နွဲနိုင်မည် ” ဟု ပြောကြား ခဲ့သည်။

CPPCC ကိုယ်စားလှယ် ရန်ချုန်ဟွေ (Yan Chonghui) က “အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို အစဉ်အမြဲ သတိထား ဆောင်ရွက်သွားရမည်” ဟု ပြောကြား ခဲ့သည်။

CPPCC ကိုယ်စားလှယ် ကျုံးယင်း (Zhong Ying) က ” အစိုးရ ဝန်ထမ်း များအနေဖြင့် ရာထူးတည်နေရာ အနေအထား ပိုမို မြင့်မားလေလေ ကိစ္စရပ် တိုင်းအား ပိုမို အလေးထားပြီး သတိကြီးစွာ ဆောင်ရွက်ရမည်” ဟု ပြောကြား ခဲ့သည်။

CPPCC ကိုယ်စားလှယ် မာကော်ချောင်း (Ma Guochao) က ” စည်းစနစ်ကျနသော ပါတီ ကို ဖွဲ့စည်းတည်ဆောက်ရာတွင် ပါတီဝင် အားလုံး၏ အင်အားလိုအပ်သည်” ဟုပြောကြား ခဲ့သည်။

CPPCC ကိုယ်စားလှယ် ကျူကျွမ်းရှင်း (Zhu Zhuanxing) က ” ကျွန်တော်တို့၏ အိမ်ထောင်စုကြီး အတွက် ချစားခြင်း ကို ကာကွယ်ပေးနိုင်သော စက်ယန္တရား ကို တပ်ဆင်ရမည်” ဟု ပြောကြား ခဲ့သည်။(ဆက်လက်ဖော်ပြပါမည်)။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.