Connect with us

Politics, Law & Military

တရုတ်-စပိန် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ခိုင်မြဲရန် ကတိပြု

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် စပိန်နိုင်ငံ သမ္မတတို့အား အတူတကွ တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟန်ကျိုး ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် စပိန်နိုင်ငံအား ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်နိုင်ငံ အဖြစ် အဆင့်တိုးမြှင့် ဆက်ဆံမည့် ဆက်ဆံရေးအဆင့် အသစ်တစ်ခုကို လုပ်ဆောင်သွားလိုကြောင်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာလ ၅ရက်တွင် ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပနေသည့် G20 ထိပ်သီးအစည်းအဝေးပွဲ၌ စပိန်နိုင်ငံ ဝန်ကြီးချုပ် Mariano Rajoy နှင့် တွေ့ဆုံစဉ် တရုတ်သမ္မတက အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကို စပိန်နိုင်ငံက ထောက်ခံအားပေးသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း နှင့် တရုတ်ကုမ္ပဏီများကို စပိန်နိုင်ငံ၌ ရင်းနှီးမြှုုပ်နှံမှုပြုလုပ်သွားရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ရှီက ဆိုသည်။ ထို့ပြင် နှစ်နိုင်ငံအစိုးရအနေဖြင့် ငွေကြေးကဏ္ဍ ၊ ဆက်သွယ်ရေးကဏ္ဍ နှင့် စွမ်းအင်ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ကိုင်သွားစေလိုကြောင်း ရှီက ဖြည့်စွက်ပြောကြားသည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ရှီကျန်(Zhejiang) ပြည်နယ် Yiwu မြို့ မှ စပိန်နိုင်ငံ မက်ဒရစ်မြို့ကို ဆက်သွယ်ပေးမည့် ရထားလမ်းဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးချဲ့လုပ်ဆောင်သင့်ကြောင်း ရှီက ဆိုသည်။
ဥရောပသမဂ္ဂ(EU) အဖွဲ့၏ တည်ငြိမ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တရုတ်နိုင်ငံက အားပေးထောက်ခံကြောင်း နှင့် တရုတ်- အီးယူ ဆက်ဆံရေး တိုးမြှင့်လုပ်ဆောင်ရာတွင် စပိန်နိုင်ငံက အဓိက အခန်းကဏ္ဍက ပါဝင်သွားရန် မျှော်လင့် ကြောင်း ရှီက ဖြည့်စွက်ပြောကြားခဲ့သည်။
ကမ္ဘာ့စီးပွားရေးစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနေသည့် တရုတ်အစိုးရ၏ကြိုးပမ်းအားထုတ်မှုများ နှင့် G20 ထိပ်သီးအစည်းအဝေးကို ဟန်ကျိုးမြို့၌ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် အောင်မြင်စွာကျင်းပနိုင်ရန် စပိန်နိုင်ငံက အားပေးထောက်ခံပါကြောင်း စပိန်ဝန်ကြီးချုပ် Rajoy က ဆိုသည်။
စပိန် နှင့် တရုတ် နှစ်နိုင်ငံအကြား ယဉ်ကျေးမှု နှင့် ပညာရေးကဏ္ဍများတွင် အပြန်အလှန်ပူးပေါင်းဖလှယ်ရေးကို တိုးမြှင့်လုပ်ဆောင်နေစဉ်အတွင်း ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကိုလည်း တိုးမြှင့်လုပ်ဆောင်သွားရန် အနီးကပ်ဆက်သွယ်လုပ်ဆောင်သွားရန် ဆန္ဒရှိပါကြောင်း Rajoy က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.