Connect with us

Politics, Law & Military

အာဆီယံထိပ်သီး အစည်းအဝေးပွဲကို တရုတ်ဝန်ကြီးချုပ် တက်ရောက်မည်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်(Li Keqiang)အားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ စက်တင်ဘာလ ၄ ရက် မှ ၅ ရက်အထိ ကျင်းပနေသော G20 ထိပ်သီးအစည်းအဝေးပွဲအပြီးတွင် တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်သည် လာအိုနိုင်ငံ၌ စက်တင်ဘာလ ၆ ရက် မှ ၉ ရက်အထိ ကျင်းပမည့် ၁၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် လာအိုနိုင်ငံသို့တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အာဆီယံထိပ်သီးအစည်းအဝေးပွဲသည် တရုတ်-အာဆီယံဆက်ဆံရေးများ တိုးတက်ကောင်းမွန်ရန် နှင့် တရုတ်နိုင်ငံ နှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် သံတမန်နည်းလမ်းအရ အလွန်အရေးပါသော ဆောင်ရွက်မှု ဆွေးနွေးပွဲ တစ်ရပ်ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.