Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ဝန်ကြီးချုပ် နှင့် လာအို နိုင်ငံ ဝန်ကြီး ချုပ် ဗီဒီယို မှ တစ်ဆင့် အစည်းအဝေး ကျင်းပ

ဇူလိုင်လ ၂၁ ရက် တွင် တရုတ် နိုင်ငံ ဝန်ကြီးချုပ် နှင့် လာအို နိုင်ငံ ဝန်ကြီးချုပ် တို့ ဗီဒီယို မှ တစ်ဆင့် အစည်းအဝေး ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတောင်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန် က ဇူလိုင် ၂၁ ရက် ညနေပိုင်း တွင် ပြည်သူ့ခန်းမဆောင်ကြီး ၌ လာအို နိုင်ငံ ဝန်ကြီးချုပ် Thongloun Sisoulith နှင့် ဗီဒီယို မှ တစ်ဆင့် အစည်းအဝေး တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေး တွင် လီခဲ့ချန် က တရုတ် နိုင်ငံ နှင့် လာအို နိုင်ငံ တို့သည် တောတောင်ရေမြေခြင်း ထိစပ်နေပြီး သမိုင်းကြောင်း ရှည်းလျားသည့် ခိုင်မြဲသော ဆက်ဆံရေးတည်ရှိသည့် နိုင်ငံ များ ဖြစ်ကြကြောင်း ၊ နှစ်နိုင်ငံခေါင်းဆောင်အနေဖြင့် အနီးကပ် ဆက်ဆံရေး တည်ရှိပြီး တရုတ်-လာအို နှစ်နိုင်ငံ အနေဖြင့်လည်း လျန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၏ ပူးတွဲ ဥက္ကဋ္ဌ နိုင်ငံများ ဖြစ်ကြကြောင်း ၊ ယခု ပထမ နှစ်ဝက်တွင် ကျင်းပ ရန် စီစဉ်ထားသည့် လျန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တတိယ အကြိမ်မြောက် အစည်းအဝေး သည်လည်း ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ရွှေ့ဆိုင်းခဲ့ရကြောင်း ၊ ယခု အကြိမ် ဗီဒီယို အစည်းအဝေး ကျင်းပ ရသည့် အဓိက ရည်ရွယ်ချက်မှာ ညှိနှိုင်းဆောင်ရွက်မှု ကို တိုးချဲ့သွားလိုပြီး လျန်ချန်း-မဲခေါင်း ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များ အစည်းအဝေး ကို ပိုမိုကောင်းမွန်စွာ ပြင်ဆင်သွားကာ ဒေသတွင်း အပြန်အလှန်ချိန်ဆက်မှု နှင့် ကုန်သွယ်မှု ကို တိုးချဲ့ဆောင်ရွက်သွားရန် ဖြစ်ကြောင်း ၊ အစည်းအဝေး မှ တစ်ဆင့် ပြင်ပ သို့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အတူတကွ စိန်ခေါ်မှု ကိုရင်ဆိုင်သွားရန် တက်ကြွစွာ အချက်အလက်များကို ဖေါ်ပြပေးစေရန် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် လီခဲ့ချန် က တရုတ် နိုင်ငံ အနေဖြင့် လာအို နိုင်ငံ နှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကို လွန်စွာ အလေးထားပြီး လာအို နိုင်ငံ နှင့် အတူတကွ တရုတ်-လာအို စီးပွားရေး စကြ်ံနှင့် အခြား အရေးပါသည့် စီမံကိန်း တည်ဆောက်မှုများ တွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် လာအို နိုင်ငံ ရေရှည် ဖွံ့ဖြိုးတိုးတက်နိုင်မှု မြှင့်တင်နိုင်ရန် အတွက် ကူညီထောက်ပံ့မှုများ ကို ဆောင်ရွက်ပေးသွားလိုပြီး တရုတ်-လာအို ဆက်ဆံရေး အဆက်မပြတ် အဆင့်မြှင့်တင် နိုင်ရန် တွန်အားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

လာအို နိုင်ငံ ဝန်ကြီးချုပ် Thongloun Sisoulith က တရုတ် နိုင်ငံ ၏ လာအို နိုင်ငံ အပေါ် တန်ဖိုးကြီးမား သည့် ကူညီထောက်ပံ့မှုများအပေါ် ကျေးဇူးတင်လိုကြောင်း ၊ လာအို နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ အရေးပါသော အကျိုးစီးပွား နှင့် သက်ဆိုင်သည့် ကိစ္စရပ်များ တွင် ကာလတစ်လျှောက် ခိုင်မြဲစွာ ထောက်ခံအားပေးခဲ့ကြောင်း ၊ လာအို နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ လာအို-တရုတ် ကံကြမ္မာ အကျိုးတူ အတိုက်အဝန်း တည်ဆောက်ရေး ကို တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၊ နှစ်နိုင်ငံ အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ ကို တက်ကြွစွာ လက်တွေ့အကောင်အထည် ဖော်သွားပြီး သက်ဆိုင်ရာ နိုင်ငံများနှင့် အတူတကွ ယခု နှစ် အတွင်း လျန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များ အစည်းအဝေး နှင့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များအစည်းအဝေး ကို ကောင်းမွန်စွာ ကျင်းပ ပြုလုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ၊ ဒေသတွင်း ဘက်စုံ စီးပွားရေး မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက် ကို အမြန်ဆုံး ရရှိနိုင်အောင် ဆောင်ရွက်ပြီး အာဆီယံ-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.