Politics, Law & Military
တရုတ်-အမေရိကန် နှစ်နိုင်ငံ ရေးကြောင်း ကာကွယ်ရေး ဦးစီးချူပ် တို့မှ ဆက်သွယ်ပြောကြားခြင်း များပြုလုပ် ကာ တရုတ် နိုင်ငံ မှ အမေရိကန် စစ်သင်္ဘော စေလွှတ်ခဲ့ခြင်းအား လုံးဝ လက်မခံ နိုင်ကြောင်း ပြောကြားခဲ့
ပေကျင်း ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ)
တရုတ် နိုင်ငံ ဗဟို စစ်ရေးကော်မတီ ကော်မတီ အဖွဲ့ဝင် ၊ တရုတ် နိုင်ငံ ရေကြောင်း စစ်ဦးစီးချုပ် ဝူဆိန့်လိ မှ အောက်တိုဘာ ၂၉ ရက်နေ့တွင် အမေရိကန် ရေကြောင်း ကာကွယ်ရေး ဦးစီးချုပ် John M. Richardson နှင့် ဆက်သွယ်ပြောကြားခဲ့ပြီး အောက်တိုဘာ ၂၇ ရက်နေ့တွင် အမေရိကန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ အချုပ်အခြာအာဏာ ပိုင် နယ်နမိတ် သို့ မိမိ သဘောအလျှောက် စစ်သင်္ဘော စေလွှတ်ခဲ့သည် ကို လုံးဝ လက်မခံ နိုင်ကြောင်း ပြောကြားခဲ့သည်။
တရုတ် နိုင်ငံ ရေကြောင်း ကာကွယ်ရေး ဦးစီးချုပ် မှ အမေရိကန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ အစိုးရ နှင့် နိုင်ငံရေး ဆိုင်ရာ ဆွေးနွေးပွဲ အကြိမ်ကြိမ် ပြုလုပ်ခဲ့သည့် တိုင် ယခုကဲ့သို့ ပဲ့ထိန်း ဒုံးကျည် တင်ဆောင် လာသော စစ်သင်္ဘော အား တရုတ် နိုင်ငံ ပိုင် နယ်မြေအတွင်းသို့ စေလွှတ်ခဲ့ခြင်းသည် တရုတ် နိုင်ငံ ၏ လုံခြုံမှု ကို အလွန် ဆိုးရွှားသော ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်စေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ရေတပ် အနေဖြင့် ပင်လယ်ရေကြောင်း မတော်တဆမှု ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များကို အဓိက အလေးထား သွားမည် ဖြစ်ပြီး အမေရိကန် နိုင်ငံ ရေကြောင်း အားလည်း သတိ ပေးလိုကြောင်း ပြောကြား ခဲ့သည်။
အမေရိကန် ရေကြောင်း ကာကွယ်ရေးဦးစီးချုပ် John M. Richardson မှ အမေရိကန် နိုင်ငံ အနေဖြင့် တောင်တရုတ် ပင်လယ်သို့ စစ်သင်္ဘော စေလွှတ်ခဲ့ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ရေကြောင်း သွားလာမှု အရ စေလွှတ် ခဲ့ခြင်း ဖြစ်ပြီး မည်သည့် နိုင်ငံ အပေါ်ကို ထိခိုက်နစ်နာစေသော ရည်ရွယ်ချက်ဖြင့် စေလွှတ်ခဲ့ခြင်း မဟုတ် ကြောင်း ၊ တရုတ် နိုင်ငံ ကို ရည်ရွယ်၍ စေလွှတ်ခဲ့ခြင်းမှာ ပိုမို မဟုတ်ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် တောင်တရုတ် ပင်လယ် ကိစ္စ ရပ် နှင့် ပတ်သက်၍ ရပ်တည်မှု မှာ ယခင် ကြေညာခဲ့သည့် အတိုင်း ဝင်ရောက် စွတ်ဖက်မှု မရှိကြောင်း ၊ အမေရိကန် အနေဖြင့် အနာဂတ်တွင် တရုတ် နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု များပြုလုပ်သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)