Politics, Law & Military
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ရုရှားနိုင်ငံသို့သွားမည်

ပေကျင်း၊ မေ ၃၀ ရက်က (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) ၏ ဖိတ်ကြားချက်ဖြင့် ဇွန်လ ၅ ရက်မှ ၇ ရက်အတွင်း ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မေလ ၂၉ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
သမ္မတ ရှီသည် ရုရှားနိုင်ငံခရီးစဉ်အတွင်း ၂၃ ကြိမ်မြောက် စိန့်ပီတာစဘာ့ဂ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ တက်ရောက်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လုခန်းက ပြောခဲ့သည်။ (Xinhua)