Connect with us

Science & Technology

တရုတ်နိုင်ငံတွင် နှစ်ပေါင်း သန်း၁၃၀ သက်တမ်းရှိ ဒိုင်နိုဆော ရုပ်ကြွင်းများ တွေ့ရှိ

တရုတ်နိုင်ငံတွင် ယခင်က ရှာဖွေတွေ့ရှိခဲ့သည့် ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ရှီးကျားကျွမ်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ရှိ ခရိုင်တစ်ခု တွင် ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်း အစိတ်အပိုင်း အစုအဝေး တစ်ခုကို တရုတ်နိုင်ငံ သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက စက်တင်ဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။

Fengning Man ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ Liqilong ရွာတွင် ပြန့်ကျဲနေသည့် ယင်း ကျောက်ဖြစ်ရုပ်ကြွင်း အပိုင်းအစများကို ၂၀၁၇ခုနှစ် အောက်တိုဘာတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တူးဖော်ရေးလုပ်ငန်းအား ဒေသခံအာဏာပိုင်များက သြဂုတ်လတွင် ခွင့်ပြုပေးခဲ့ပြီး စက်တင်ဘာ ၄ရက်တွင် စတင်တူးဖော်ခဲ့ကြောင်း သိရသည်။

သိပ္ပံပညာရှင်များ က အဆိုပါ ဒိုင်နိုဆောသည် မျိုးစိတ်သစ်တစ်ခုမှ ဖြစ်သည်ဟု ယူဆကြပြီး ၎င်းတို့က ယင်း အစိတ်အပိုင်းများသည် နှစ်သန်း ၁၃၀ သက်တမ်းရှိကြောင်း နှင့် ကျောက်ဖြစ်ရုပ်ကြွင်း၏ ပေါင်ရိုးများကို အခြေခံ၍ ဒိုင်နိုဆောသည် ၇မီတာ မှ ၁၀မီတာ ရှည်လျားကြောင်းပြောကြားခဲ့သည်။

တူးဖော်ရေးလုပ်ငန်းအား ဆက်လက်ဆောင်ရွက်နေပြီး ၂နှစ်ခန့် ကြာမြင့်နိုင်ကြောင်း သိရသည်။

ဒိုင်နိုဆောအရိုးများကို ၂၀၁၄ခုနှစ်တွင် အဆိုပါ ရွာအတွင်း တွေ့ရှိခဲ့ပြီး ငှက်များ နှင့် ငါး ကျောက်ဖြစ်ရုပ်ကြွင်းများကို လည်း ယင်းခရိုင်အတွင်းရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.