Connect with us

Science & Technology

တရုတ်နိုင်ငံ၌ အွန်လိုင်းကောလာဟလ သတင်းစောင့်ကြည့်ရေးစြင်္က ံတရားဝင် ဖွင့်လှစ်

တရုတ်နိုင်ငံ အွန်လိုင်းကောလာဟလ သတင်းစောင့်ကြည့်ရေးစင်္ကြံဖွင့်ပွဲအခမ်းအနားမြင်ကွင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၃ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ အွန်လိုင်းကောလာဟလ နှင့် သတင်းမှားများကို ပြည်သူတို့သိရှိအောင် အသိပေးထုတ်ပြန်ပေးမည့် နိုင်ငံအဆင့် အွန်လိုင်းကောလာဟလသတင်းအချက်အလက် စောင့်ကြည့်ရေး စြင်္က ံတစ်ခုကို သြဂုတ် ၂၉ ရက်တွင် ပေကျင်းမြို့၌ တရားဝင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါစြင်္က ံကို ဗဟိုဆိုက်ဘာနယ်ပယ်ရေးရာကော်မရှင် နှင့် xinhuanet.com ဝက်ဆိုက် စီမံဆောင်ရွက်မှု လက်အောက်ခံ အင်တာနက်တရားမဝင်သတင်းအချက်အလက် ထုတ်ပြန်ရေးစင်တာ က ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်သည်။

၎င်းစြင်္က ံစီမံဆောင်ရွက်မှုများသည် တရုတ်နိုင်ငံ ဗဟိုကွန်မြူနစ်ပါတီ ပါတီရေးရာကျောင်း နှင့် အမျိုးသားဖွံ့ဖြိုးရေး နှင့် ပြုပြင်ပြောင်းလဲရေးကေ်ာမရှင် တို့အပါအဝင် အဖွဲ့အစည်းပေါင်း ၂၇ ခု၏ ကြီးကြပ်လမ်းညွှန်မှုအောက်တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စြင်္က ံသည် ပြည်သူများအား သတင်းအချက်အလက်များကို လျင်လျင်မြန်မြန်ရှာဖွေနိုင်ရန် နှင့် အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် ကောလာဟလများကို ဖယ်ရှားပစ်ရန် ခွင့်ပြုပေးထားမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် အတုအယောင်သိပ္ပံနည်းပညာသီအိုရီ နည်းလမ်းများကိုလည်း ညွှန်ပြရေး ဆောင်ရွက်သွားမည်ဖြစ်သည်။

လက်ရှိအချိန်အထိ နိုင်ငံတစ်ဝန်းတွင် ကောလာဟလ-သတင်းမှား စောင့်ကြည့်ရေး ပလက်ဖောင်း ၄ဝ ကျော်အထိ တိုးချဲ့ထားပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ ပလက်ဖောင်းများက အွန်လိုင်းကောလာဟလ အရင်းအမြစ်ကို ခြေရာခံစောင့်ကြည့်ရန် အပါအဝင် နည်းပညာသုံး၍ ဖယ်ထုတ်ခြင်းများလည်း ပါဝင်သည်။

ပြည်သူတို့၏ နေ့စဉ် လူနေမှုဘဝ နှင့် အတွေးအမြင်ဖော်ထုတ်မှုတွင် အင်တာနက်သည် ပင်မအရင်းအမြစ် အဖြစ် ရောက်ရှိလာချိန်၌ ကောလာဟလသတင်းမှားများ နှင့် တရားမဝင် သတင်းအချက်အလက်များ ၊ လူမှုဘဝ ဖြစ်တည်မှု နှင့် အနှောင့်အယှက် ပေးမှု အပါအဝင် များစွာသော ပြဿနာရပ်များ ဖြစ်ပေါ်စေသည့် အကြောင်းတရားတစ်ခု ဖြစ်လာကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.