Connect with us

Science & Technology

တရုတ်နိုင်ငံမှ ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုသစ်တစ်လုံးအား လွှတ်တင်

တရုတ်နိုင်ငံက ယခင်လွှတ်တင်ခဲ့သည့် ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုတစ်လုံးအားတွေ့ရစဉ် (ဆင်ဟွာ)

ကျူချွမ်း၊ ဇွန် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် စိုက်ပျိုးရေးဆိုင်ရာ အရင်းအမြစ်များအား သုတေသနပြုလုပ်ရေး နှင့် သဘာဝဘေးအန္တရာယ် စောင့်ကြည့်လေ့လာရေးတို့အတွက် အဓိကထားအသုံးပြုမည့် Gaofen-6 အမည်ရှိ ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုသစ်တစ်လုံးအား မေ ၂ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

Gaofen-6 ဂြိုဟ်တု အား တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျူချွမ်ဂြိုဟ်တုလွှတ်တင်ရေးစခန်း၌ ဒေသစံတော်ချိန် နေ့လည် ၁၂း၁၃နာရီ တွင် Long March-2D ဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် Luojia-1 အမည်ရှိ သိပ္ပံပညာစမ်းသပ်မှု ဂြိုဟ်တုတစ်လုံးကိုလည်း အာကာသအတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။

ယခုလွှတ်တင်မှုသည် Long Marchဒုံးပျံ၏ ၂၇၆ကြိမ်မြောက် လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.