Science & Technology
တရုတ်နိုင်ငံမှ ရုပ်ထွက်ကောင်းမွန်သည့် ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုတစ်လုံး လွှတ်တင်
တိုင်ယွမ်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် နိုင်ငံ၏ ရုပ်ထွက်ကောင်းမွန်သည့် ကမ္ဘာမြေလေ့လာစောင့်ကြည့်ရေး စီမံကိန်း၏ တစ်စိတ်တစ်ဒေသ အဖြစ် Gaofen-11 အမည်ရှိ ဂြိုဟ်တုတစ်လုံးအား ဇူလိုင် ၃၁ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
Gaofen-11 ဂြိုဟ်တုအား နိုင်ငံမြောက်ပိုင်း ရှန်းရှီပြည်နယ် တိုင်ယွန်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ မှ ပေကျင်းစံတော်ချိန် နံနက် ၁၁နာရီ တွင် Long March 4B ဒုံးပျံဖြင့် လွှတ်တင်ခဲ့ကြောင်း သိရသည်။ ယင်းလွှတ်တင်မှုသည် Long March အမျိုးအစား ဂြိုဟ်တုလွှတ်တင်ရေး ဒုံးပျံ ၏ ၂၈၂ကြိမ်မြောက် လွှတ်တင်မှုဖြစ်ကြောင်း သိရသည်။
Gaofen-11ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုအား တိုင်ယွန်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ မှ Long March 4B ဒုံးပျံဖြင့် ဇူလိုင် ၃၁ရက် လွှတ်တင်စဉ် (ဆင်ဟွာ)

အဆိုပါ ဂြိုဟ်တုအား မြေပြင်လေ့လာဆန်းစစ်မှု၊ မြို့ပြအစီအစဉ်ရေးဆွဲမှု၊ လမ်းကွန်ရက်များ ပုံစံရေးဆွဲမှု၊ စိုက်ပျိုးရေး နှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း နှင့် ယင်းအချက်အလက်များအား ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်မှုအတွက်လည်း အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၀ခုနှစ်တွင် Gaofen စီမံကိန်းအား စတင်လုပ်ဆောင်ခဲ့စဉ်ကတည်းက တရုတ်နိုင်ငံသည် ကမ္ဘာမြေ ပုံရိပ်အား ပိုမိုရှင်းလင်းပြတ်သားစွာ ရရှိလာကြောင်း သိရသည်။ (Xinhua)