Connect with us

Science & Technology

တရုတ်နိုင်ငံ က ဘီလာရု နိုင်ငံအတွက် ဆက်သွယ်ရေး ဂြိုလ်တုအား လွှတ်တင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ဂြိုလ်တု လွှတ်တင်ရေး စခန်းမှ လွှတ်တင် လိုက်သည့် Belintersat-1 ဂြိုလ်တုအား တွေ့ရစဉ် (ဆင်ဟွာ)

စီချွမ်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဘီလာရု နိုင်ငံအတွက် ဆက်သွယ်ရေး ဂြိုလ်တုအား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ဂြိုလ်တု လွှတ်တင်ရေး စခန်းမှ တဆင့် သက်ဆိုင်ရာ ဂြိုလ်ပတ် လမ်းကြောင်း အတွင်းသို့ ဇန်နဝါရီလ ၁၆ ရက် ပေကျင်း စံတော်ချိန် ၁၂း၅၇ နာရီ တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

Long March-3B ဒုံးပျံယာဉ် ဖြင့် တင်ဆောင် လွှတ်တင်ခဲ့သော ဂြိုလ်တုသည် ဘီလာရု နိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုလ်တု ဖြစ်ပြီး တရုတ်နိုင်ငံ အနေဖြင့်လည်း ယခုကဲ့သို့ ဥရောပနိုင်ငံ တစ်နိုင်ငံအတွက် ဂြိုလ်တုအား ပထမဆုံး အကြိမ် လွှတ်တင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
Belintersat-1 အမည်ရှိ အဆိုပါဂြိုလ်တု ကို တရုတ် အာကာသသိပ္ပံ နှင့် နည်းပညာ ကော်ပိုရေးရှင်းက တည်ဆောက်ခဲ့ပြီး ၁၅နှစ် ကြာ ပုံစံ ရေးဆွဲခဲ့ရကြောင်း သိရသည်။

ယင်း လွှတ်တင်မှုသည် တရုတ်နိုင်ငံ တွင်၂၀၁၆ ခုနှစ်၏ ပထမဆုံး ကမ္ဘာပတ် လမ်းကြောင်း အတွင်း လွှတ်တင်မှု ဖြစ်ပြီး Long march ဒုံးပျံ အမျိုးအစားကို အသုံးပြု ၍ ၂၂၃ ကြိမ်မြောက် လွှတ်တင်မှုလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)