Connect with us

Science & Technology

တရုတ်နိုင်ငံသည် ကမ်းလွန် နျူကလီးယား ဓါတ်ပေါင်းဖို တည်ဆောက်ရန် စီစဉ်

တရုတ်နိုင်ငံ အတွင်း ၌ တည်ဆောက်ထားသော နျူကလီးယား ဓါတ်ပေါင်းဖို များအားတွေ့ရစဉ်

ပေကျင်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ်းလွန် နျူကလီးယား ဓါတ်ပေါင်းဖို အား ပြည့်စုံစိတ်ချရသည့် အချက်အလက်များ နှင့် အညီ တည်ဆောက်ရန် စီစဉ်နေကြောင်း အကြီးတန်း နျူကလီးယား အာဏာပိုင်တစ်ဦးက ဇန်နဝါရီ ၂၇ရက် နေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်အား မပြုလုပ်မီ တရုတ်နိုင်ငံသည် သိပ္ပံနည်းကျစွာ ဖြစ်နိုင်ခြေများကို ဂရုပြု၍ ပြန်လည် သုံးသပ် သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ အနုမြူစွမ်းအင် ဆိုင်ရာ အာဏာပိုင်၏ ညွှန်ကြားရေးမှူး Xu Dazhe က သတင်းစာ ရှင်းလင်းပွဲတစ်ခု ၌ ပြောကြားခဲ့သည်။

၎င်းက တရုတ်နိုင်ငံသည် စွမ်းအင်ပမာဏ များစွာ လိုအပ်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်ချက်များကြောင့် စွမ်းအင် အပြည့်အဝ ထုတ်ယူနိုင်မှုမရှိကြောင်း နှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေဘဲ နိုင်ငံ၏ ပင်လယ်ရေကြောင်း စွမ်းအင်ရင်းမြစ်များကို အပြည့်အဝထုတ်ယူ သုံးစွဲရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခု လက်ရှိတွင် တရုတ်နိုင်ငံ ၌ လျှပ်စစ်ဓါတ်အား ဂစ်ဂါဝပ် ၂၈သန်းထုတ်လုပ်နိုင်သည့် နျူကလီးယား ဓါတ်ပေါင်းဖို အခု ၃၀ ရှိပြီး အခြား ဓါတ်ပေါင်းဖို ၂၄ ခုမှာ တည်ဆောက်ဆဲဖြစ်ကာ အားလုံးကို မြေပေါ် ၌ ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.